~22~ (Zawgyi)

1.1K 97 0
                                    

လေဆိပ်တစ်ခုတွင်ကား လူပေါင်းများစွာ လှုပ်ရှားသွားလာနေကြ၏။ တစ်ချို့သည်ကား မိသားစုနှင့်ပြန်တွေ့ရ၍ပျော်နေကြသလို၊ တစ်ချို့သည်ကား သူငယ်ချင်းများနှင့်၊ တစ်ချို့သောလူများသည်ကား ချစ်ရသူများနှင့်ပွေ့ဖက်နှုတ်ဆက်နေကြ၏။

သွားလာလှုပ်ရှားနေကြသူများအား တစ်ချက်ဝှေ့ကာကြည့်လိုက်ရင်း ကျွန်တော်၏ ဉီးတည်ရာသည်ကား လူတစ်ယောက်ဆီသို့....

ကျွန်တော် လိပ်စာအတိုင်း ပြခန်းဆီသို့ ဉီးတည်သွားလိုက်မိသည်။

ပန်းချီပြခန်းသည်ကား သပ်သပ်ရပ်ရပ်ရှိလွန်းလှသည်။ ပန်းချီဆရာအသီးသီး၏ ပန်းချီအသီးသီးကို သူ့အစုလေးနှင့်သူ ပြသထား၏။ ထို့ပြင် ပန်းချီကားတစ်ချပ်ခြင်း တစ်ချပ်ခြင်းသည်မှာလည်း အချိတ်အဆက်မိစွာ ချိတ်ဆွဲထားသေးသည်။

ဝင်ကြည့်ပြီးလျှင် ပြန်မထွက်ချင်တော့လောက်အောင်ပင် ဆွဲဆောင်မှုရှိစွာ ပြသထားသည်။ ပြခန်း၏ အပြင်အဆင်သည်မှာလည်း အထူးအာရုံစိုက်ကာ ပြင်ဆင်ထားဟန်ရှိသည်။ဝင်ကြည့်လိုက်သည်နှင့်ပင် ပြခန်း၏ အဆင့်အတန်းတစ်ခုအား ခံစားမိစေသည်။

ဤသို့ဤနှယ် ချမ်းသာနေပါသော သူဌေးပေါက်စက ကျွန်တော့်ရှေ့တွင်တော့ မခုတ်တတ်သည့် ကြောင်ပေါက်လေးတစ်ကောင်နှယ် နေပြနေသည်တဲ့လား....

"မင်္ဂလာပါရှင့် ၊ မြန်မာလူမျိုးထင်တယ်နော်..."

"အော် ဟုတ်ကဲ့..."

"လိုက်ပြီး ရှင်းပြပေးရဉီးမလား အကို..."

"အာ.. ရပါတယ်..။ ဒါနဲ့ ပြခန်းက တော်တော် ကောင်းတာပဲ..."

"ဟုတ်ကဲ့..၊ ဒီမှါလည်း အတော်အသင့် နာမည်ရထားပါတယ်။ ပြပွဲရှိတဲ့နေ့တွေဆိုရင် အခုလက်ရှိထက် သုံးဆလောက်ပိုများတဲ့ လူတွေ  လာတတ်ကြတယ်..။ Ent တွေကလည်း လာကမ်းလှမ်းတာမျိုးတွေ ရှိတယ်ရှင့်.."

"အော်..ဟုတ်ကဲ့..."

"ဒါဆို အေးအေးဆေးဆေး ဆက်ကြည့်နေလိုက်ပါဉီးနော်.."

"ခဏလောက်ပါ..."

"ဟုတ်ကဲ့.."

"ပြခန်းမှူးနဲ့တွေ့လို့ရမလား..."

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now