အကျိုးအကြောင်းများတိုင်ပင်ပြီးသည့်နောက်တစ်ရက်တွင် ဇွဲနှင့် ရတီတို့ အကြောင်းအား ကုမ္ပဏီမှ အတည်ပြုကြောင်းထုတ်ပြန်ပေးလိုက်သည်။
ကြေငြာချက်အပြီး မိနစ်ပိုင်းအတွင်းပင် သတင်းများပျံ့သွားကာ ဂယက်ထလေတော့သည်။ လက်ခံပြီး ဂုဏ်ပြုကြသူများရှိသကဲ့သို့ ဇွဲကို စွဲစွဲလမ်းလမ်း နှစ်သက်ကြသည့် ကလေးမလေးများ၏ ငိုကြွေးသံများလည်း ကြားရ၏။
တစ်ချို့ကလည်း သဘောမတူနိုင်ဖြစ်နေကြပြီး သဘောတူကြသူများနှင့် ရန်ပွဲဆင်နွှဲနေကြသူများကလည်း အများအပြား...
ရတီ၏ အမာခံပရိတ်သတ်များနှင့် ဇွဲ၏ ပရိတ်သတ်များ ငြိမ်းချမ်းရေးယူနေကြသလို ရန်ထောင်နေကြသူများကလည်း အပြိုင်အဆိုင်....
မီဒီယာအသီးသီးမှလည်း အလုအယက် သတင်းများတင်ကြ၏။ အမျိုးမျိုးအဖုံဖုံသော သတင်းခေါင်းစဉ်များအကြား နှစ်ဘက်ပရိတ်သတ်တို့၏ သြဘာသံများကြောင့် သက်ပြင်းမောချလိုက်မိသည်ဆိုသည်မှာတော့ မှန်ကန်သော စကားပင်..။
"Congratulations ဇွဲ..။ ဒီအခြေအနေအတိုင်းဆိုရင်တော့ အောင်မြင်ပြီလို့ ပြောနိုင်ပြီ..."
"ကျေးဇူးကိုထွဋ်..."
ပျော်ရွှင်သောအပြုံးတစ်ခုနှင့်အတူ ကိုထွဋ်အား ပြန်ဖြေနေပုံက ဘယ်လောက်ဝမ်းသာနေကြောင်း သိသာသည်။
အနှောင့်အယှက်ကင်းကင်း လက်တွဲနိုင်မည်ဟူသော အသိက သူတို့အား ပြီးပြည့်စုံသော ပျော်ရွှင်မှုအား ပေးနိုင်သည်ထင်ပါသည်။
အပြုံးနုနုဖြင့် ရတီအား လှည့်ကြည့်လိုက်ရင်း ရတီလက်အား ဆုပ်ကိုင်လိုက်ပုံက ဘယ်လောက်နွေးထွေးမှန်း သိသာနေသည်။
"ဒီနေ့တော့ နှစ်ယောက်လုံး နားလိုက်ကြတော့။ တော်တော် စိတ်ပင်ပန်းသွားကြမှာ.."
"ဟုတ် ကိုထွဋ်.."
ကိုထွဋ် ခွင့်ပြုချက်ရသည်နှင့် နှစ်ယောက်သား လက်လေးတွဲကာ ထွက်သွားကြ၏။တံခါးဆီရောက်ခါမှ ဇွဲတစ်ယောက်ခေါင်းလေး လှည့်လာရင်း...
"ကျေးဇူးတင်ပါတယ် ကိုထွဋ်။ ပြီးတော့ ပြဿနာရှာမိတဲ့အတွက်လည်း တောင်းပန်ပါတယ်.."
YOU ARE READING
"စေ" (SEASON-2) {Unicode}+{Zawgyi}
Romansaသိပ်လှတယ်.... သဘာဝတရားကြီးရဲ့ အလှတရားက သိပ်လှလွန်းတယ်... ဒါပေမယ့်... မင်းကိုပေးမယ့်ကိုယ့်အချစ်တွေက ပိုလှတယ်...