~12~ (Zawgyi)

1K 85 0
                                    

တောင်ကြီးက အပြန် မနက်အစည်းအဝေးရှိ၍ လွမ်းကိုပါတစ်ခါတည်း ကုမ္ပဏီခေါ်လာလိုက်သည်။ ထို့နောက် လွမ်းကို အခန်းထဲ ခဏစောင့်ခိုင်းခဲ့ကာ အစည်းအဝေးခန်းထဲထွက်လာလိုက်သည်။

"မောင် မင်းစေရာနဲ့ အလုပ်တွဲလုပ်ခွင့်ရတဲ့အတွက် ဉီး အများကြီးဝမ်းသာပါတယ်။ နောက်လည်း ဆက်ပြီးလက်တွဲနိုင်ဖို့မျှော်လင့်ပါတယ်..."

စေ တစ်ချက်ပြုံးလိုက်မိသည်။ စီးပွါးရေးလောက၌ မောက်မာလွန်းသည်ဟု နာမည်ကြီးသော ဉီးလေးကြီးတစ်ယောက်က ယခုမူ အချိုသာဆုံးသော အပြုံးကြီးဖြင့် တရေးတယူ ဆက်ဆံနေသည်လေ..။

ဤသည်ကား စီးပွါးရေး လောကဆိုသည်ပင်..။ယခုအချိန်တွင် ကျွန်တော်က နေအနောက်အရပ်မှထွက်သည်ဟု ပြောလျှင်ပင် သောင်းသောင်းဖြဖြအားပေးလောက်သည်။

ကျွန်တော့်ကုမ္ပဏီနှင့်လက်တွဲနိုင်ဖို့အရေး ကျွန်တော့် အကြည့်တစ်ချက်အဝေ့ အတွင်း ကျွန်တော့် အလိုအားဖြည့်စည်းပေးမည့်သူများကလည်း တစ်ပုံတစ်ပင်...

ဒီအေးစက်စက် ကျားတစ်ကောင်ကိုမှ သူတို့ ဖိန့်ဖိန့်တုန်ကြသည်လေ။

တောင်းပန်ပါတယ် လွမ်း...။ ငါးနှစ်အကြာမှာ ပြန်တွေ့ရတဲ့ ကိုယ်က ဒီလို အေးစက်စက်လူတစ်ယောက်ဖြစ်နေခဲ့လို့။ ရက်စက်တတ်လွန်းလို့ နာမည်ကြီးတဲ့စေ..၊ ခံစားချက်တွေအေးစက်နေတဲ့ စေ ၊ အဲ့ဒီ မင်းစေရာဆိုတဲ့ ကိုယ်ကပဲ လွမ်း ကိုကာကွယ်ပေးနိုင်မှာ...။

ဒါပေမယ့် လွမ်းရယ်..၊ မင်းအတွက်ဆိုတဲ့ နွေးထွေးမှုတွေကတော့ အနက်ရှိုင်းဆုံးနေရာအထိ ရောက်နေလို့ မင်းရှေ့ရောက်ရင် ဖုံးကွယ်လို့တောင် မရခဲ့ဘူး...

ဒါကြောင့် ကိုယ့်ဆီ ပြန်လာခဲ့ပါလားကွာ...။ ကိုယ်တစ်ကယ် ပင်ပန်းလွန်းလို့ ရူးတော့မယ်...~

"အော်... ဒါက ဉီးသမီးပါ.."

"မင်္ဂလာပါ ကိုမင်းစေရာ၊ တွေ့ရတာဝမ်းသာပါတယ်"

ကျွန်တော် ခေါင်းတစ်ချက်ငြိမ့်ပြီးသာ အသိအမှတ်ပြုလိုက်သည်။ ဒီစကါးအသွားအလာက ဘယ်ကိုဉီးတည်နေသည်ဆိုသည်မှာ သိသာသည်ဖြစ်ရာ မင်္ဂလာရှိစရာအကြောင်းမရှိသလို ဝမ်းသာစရာလည်းအကြောင်းမရှိ။

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now