~7~ (Unicode)

5.3K 253 0
                                    

"ကိုရိပ်..လာပြီလား..၊ ဘာလို့နောက်ကျနေတာလဲ..။ ပွဲကဖြင့် ပြီးတော့မယ်.."

"Sry ကွာ.. ကိုယ် တစ်နေရာဝင်နေလို့..။ အာကာ ရော.."

"ဧည့်သည်တွေ လိုက်ပြနေတယ်.."

"အင်း.. မေမေ ရောက်နေပြီလား.."

"ဟုတ်ကဲ့.. အန်တီက ဟိုဘက်မှာ.."

"Ok.. ကဲ ဆရာခန့်.. ကျွန်တော့်ကိုခွင့်ပြုပါဦး.."

"အာ.. ကိုရိပ်ကတော့နောက်ပြီ.."

"ဟဟ ကဲကဲ ကိုယ်သွားလိုက်ဦးမယ်.."

"ဟုတ်ကဲ့.. သြော် ကိုရိပ်..၊ မနက်ဖြန် FM အတွက် ဆွေးနွေးဖို့ ညနေ ကုမ္ပဏီ ကိုလာခဲ့ပါဦးတဲ့.."

"Okie.."

ပြုံးပြနှုတ်ဆက်သွားသော ကိုရိပ်ကိုကြည့်ရင်း မဖော်ပြနိုင်သော ခံစားချက်ပေါင်းစုံကတိုးဝှေ့ဝင်ရောက်လာခဲ့သည်။ သေချာတာ တစ်ခုသည်ကား အရင်က ကိုရိပ်ကို ပြန်လိုချင်မိသည်ကတော့ အမှန်....

"ကိုကို.."

"အင်း စိမ့်လေး..ပြော။ အိမ်မပြန်သေးဘူးလား..။ မနက်ကမှ ပြန်ရောက်တာဆို..။ ပင်ပန်းနေမှာပေါ့.."

"ဟီး... ရတယ်..။ ကိုကို့ကို အလုပ်ပြန်လိုက်ပို့ပေးပြီးမှ ပြန်မယ်လေ...။ ကိုကို ကားမပါဘူးမလား.."

"ရပါ့ဗျာ..။ နားစရာရှိတာ နားပါ..။ ကိုကို ကားမသုံးဘူး.."

"ဘာလဲ..။ ရိပ်မိသွားမှာစိုးလို့လား..။ ကိုကိုနော် စိမ့်က မကြည်တော့ဘူး..။ သက်တောင့်သက်သာ နေနိုင်ရဲ့သားနဲ့.. ဟိုပြေးဒီပြေး အလုပ်လုပ်ရ...

ဝါသနာပါတဲ့ ပန်းချီလည်း ဆက်မလုပ်ဘူး..။ အဲ့တော့ အိမ်အလုပ်လုပ်ကူလားဆိုတော့လည်း မလုပ်ကူဘူး..

ဒီလိုဆို သက်သက်သာသာနေရလားဆိုတော့လည်း မနေရဘူး....

ဟိုလူကြီးကဖြင့် ကိုကို့ကို ညီလေးတစ်ယောက်ထက်အပြင် ပိုမမြင်တဲ့ဟာကို အပင်ပန်းခံနေတယ်...

ထွက်လိုက်တော့...။ စိမ့်နဲ့အတူ ဒယ်ဒီ့ကို ကူရအောင်...။ ဒါမှမဟုတ် ကိုကို ဝါသနာပါတဲ့ ပန်းချီပြခန်း ပြန်လုပ်..."

"စိမ့် ကလည်းကွာ.."

"ဟာ.. မသိဘူး နော် မသိဘူး... ။ ကိုကို ဒီလိုဆက် အပင်ပန်းခံနေမယ်ဆိုရင် အိမ်ကို အမှန် အတိုင်းအားလုံးဖွင့်ပြောလိုက်တော့မယ်...။ ကိုကို ကြိုက်တာရွေး.."

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now