~14~ (Zawgyi)

1K 79 4
                                    

"ဒါဆို ဘယ်လိုလုပ်ပေးရမှာလဲ။ ဟုတ်တယ် .. ကျွန်တော် ပင်ပန်းနေပြီ...။

အဲ့တော့ ဘယ်လိုလုပ်ရမလဲ။ ကိုယ့်ကို ငြင်းထားတဲ့မိန်းကလေးတစ်ယောက်ကို ပင်ပန်းလွန်းနေပြီဆိုပြီး ကပ်တွယ်နေလိုက်ရမှာလား....

မေမေ့ကို မလိုလားတဲ့ မိသားစုရှေ့မှာ မေမေ့ကို လွမ်းကြောင်း သွားငိုပြလိုက်ရမလား...

မလိုချင်ဘူးဆို..!!!!

ကျွန်တော့်အချစ်က အပြောင်အပျက်သာသာပဲဆို...!!!!

အဲ့ဒီလို ခံစားရတဲ့ မ ရှေ့မှာ ထိုင်နေပြီး ကျွန်တော်က ဘာတွေဖွင့်ပြောနိုင်မှာလဲ...

ဘာတွေကို...၊ ဘယ်လိုနည်းနဲ့....
ဘယ်လို စိတ်မျိုးနဲ့...."

"မ တောင်းပန်ပါတယ်..။ မ မှားသွားပြီထင်တယ်..."

ကျွန်မရဲ့ ခပ်တိုးတိုးတောင်းပန်သံကြားတော့ ဇွဲတစ်ယောက် နင့်သည်းစွာငိုကြွေးနေရင်းမှ တဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့သည်။

"မင်းလိုလားမယ်ဆိုရင် မ တို့နှစ်ယောက် မီဒီယာတွေကို ရင်ဆိုင်ကြည့်ကြမလား...."

"မ ဘာကိုပြောချင်တာလဲ.."

"သွားကြည့်ရအောင် .. အဆုံးထိကို..။ မင်းသတ္တိရှိရဲ့လား..။ မင်း သတ္တိရှိရင် မ မင်းနောက်လိုက်ခဲ့မယ်..."

"မ...!!"

"မ ကြောက်ခဲ့တာ..။ ထပ်ချစ်ရမှာကိုကြောက်ခဲ့တာ....။

မ အချစ်တွေ ပုံအပ်ပြီးတော့မှ ထားခဲ့ခံလိုက်ရမှာကိုကြောက်နေခဲ့တာ..။ သံယောဇဉ်တွယ်တတ်လွန်းတဲ့ မ ရဲ့နှလုံးသားကို ဆော့ကစားခဲ့လိုက်မှာ ကြောက်နေခဲ့တာ...။

အချစ်ကြီးချစ်မိတော့မှ သူကကိုယ့်ကိုမချစ်ရင်ဆိုတဲ့အတွေးကြောင့် အမြဲ အချစ်ကို ငြင်းပယ်နေခဲ့မိတာ...

မ သိတယ်။ မင်းအမြဲ မ ရဲ့ဘေးနားမှာရှိနေတယ်ဆိုတာ...။

အဲ့ဒီနေ့က စ ပြီး မ ရှေ့မှာ ဘာမှမဖြစ်သလိုနေနေတာကိုလည်း သိတယ်။ အချိန်ဇယားတွေပြီးသွားတိုင်း မ ရဲ့တိုက်ခန်းဆီလာပြီး အောက်ကနေ ရပ်ကြည့်နေခဲ့တာကိုလည်း သိတယ်။

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now