"လွမ်း....!!!"
တစ်ဘက်လမ်းမှ စိတ်ပူစွာ လှမ်းခေါ်နေသော စေ...
ကျွန်တော် ပြုံးလိုက်မိသည်။ ကျွန်တော်၏ ချစ်ရပါသော စေ....
("သိပ်ချစ်တယ်.. လွမ်း..။ ဘာတွေဘယ်လိုပဲ ဖြစ်လာပါစေ..ဒီတစ်ခုတော့ လွမ်းသေချာမှတ်ထားပေးပါ...")
~~~ စေ.. အခုထိရော ကျွန်တော် မှတ်ထားလို့ရသေးလား...~~~
ရုတ်တရက်ကျွန်တော့်အပြုံးတို့ပျောက်ကွယ်သွားရသည်။ အကြောင်းသည်ကား...
စေ ထံသို့ တမ်းတမ်းမတ်မတ်မောင်းနှင်၍လာသော ကားတစ်စီး...။ စေ သည်ကား လမ်းကူးဖို့ပြင်နေသည်ပင်....
***တီတီတီ ..တီ.........***
ကျွန်တော့် မျက်လုံးများပြာဝေသွားခဲ့သည်။ စေ သည်ကား ကားမှထိုးလာသည့်မီးအား လက်ဖြင့်ကာလိုက်ရင်း ကြောင်အစွာ ရပ်နေဆဲ...
"စေ...!!!"
ကျွန်တော် အလန့်တကြားအော်လိုက်ကာ စေ ထံအမြန်ပြေးသွားမိသည်။ ရောက်လိုဇောကြောင့်ရယ်လားတော့မသိပါ။ အမြန်ဆုံးသော နှုန်းဖြင့် စေ ၏ရှေ့ချက်ချင်းရောက်သွား၏။
ထို့နောက် လက်ကိုဆန့်တန်းလိုက်ကာ စေ ၏ လက်တစ်ဖက်ကို အမိအရဖမ်းဆွဲလိုက်ရင်း ကျွန်တော့်ဘက်သို့ ဆောင့်ဆွဲလိုက်မိသည်။
ထို့နောက် ကိုယ်ကိုတစ်ပတ်လည် လှည့်လိုက်ကာ စေ ကိုတင်းကြပ်စွာဖက်ထားရင်း ကာထားလိုက်မိသည်။
အဖြစ်အပျက်သည်ကား လျင်မြန်လွန်းလှစွာ ဖြစ်ပျက်သွားသည်ကြောင့် စေ တစ်ယောက်သည်ကား လွမ်းဖက်ထားသည့်အနေအထားလေးအတိုင်း ကြောင်အ နေဆဲ...
**ကျွီ...***
စေ ကိုလှမ်းဆွဲပြီးသည်နှင့် မျက်လုံးများမှိတ်ထားရင်း တင်းကြပ်စွာဖက်ထားမိသည်။ ထို့နောက် ကားဘရိတ်အုပ်လိုက်သံကြားလိုက်ရ၏။
*တစ်စက္ကန့်...*
*နှစ်စက္ကန့်..*
*သုံးစက္ကန့်...အကြာ..*
မျက်လုံးများအား တဖြည်းဖြည်းချင်းဖွင့်လိုက်မိတော့ ကျွန်တော် နှင့် စေ ၏ညာဘက် သုံးလက်မခန့်အကွာတွင် ရပ်နေသော ကားတစ်စီး...
YOU ARE READING
"စေ" (SEASON-2) {Unicode}+{Zawgyi}
Romansaသိပ်လှတယ်.... သဘာဝတရားကြီးရဲ့ အလှတရားက သိပ်လှလွန်းတယ်... ဒါပေမယ့်... မင်းကိုပေးမယ့်ကိုယ့်အချစ်တွေက ပိုလှတယ်...