~6~ (Zawgyi)

1.1K 71 0
                                    

"ကိုထွဋ်​"

"ခန့် လာလေ.."

ကိုထွဋ်​ကဝင်လာဖို့ခေါ်တော့ ခပ်သွက်သွက်ဝင်သွားလိုက်ရင်း မနက်ဖြန်အတွက် အစီအစဉ်များကို ခပ်မြန်မြန်အစီရင်ခံရန် ကြိုးစားလိုက်သည်။

"ဒါ မနက်ဖြန် ကိုရိပ် ရဲ့ fan meeting အတွက်အစီအစဉ်တွေပါ..။ အတတ်နိုင်ဆုံး gift လေးတွေ ပြင်ဆင်ထားပေမယ့် ကိုရိပ် ရဲ့ fan အင်အားက တောင့်တော့ လောက်ငှပါ့မလား မသိဘူး...။

စက်ပိုင်းဆိုင်ရာကိုလည်း သေချာစီစဉ်ထားပါတယ်..။ သွားလည်း စစ်လာပြီ။ အားလုံး အဆင်ပြေတယ်..

Gift တွေကိုတော့ pin လေးတွေ၊ pc လေးတွေ ပြင်ထားတယ်..။ များများနဲ့ အယောက်တိုင်းစေ့ ရနိုင်အောင်လို့...

SC ရဲ့ တောင်းဆိုချက်အရ.. လုံခြုံရေးပိုင်းလည်း သေချာဂရုစိုက်ထားပါတယ်..။ တစ်ချို့ fan တွေက ကြမ်းတဲ့အပြင် privacy အထိ လိုက်တတ်ကြလို့ပါတဲ့..

Lighting... ပိုင်းကိုတော့....."

"ခဏ ခဏ.. ခန့် ခဏ နေပါဦးကွာ...။ နား နားပြီး ပြောပါ..။ ဘယ်နှယ့်ကြောင့် နောက်က ကျားလိုက်နေသလို ပြောနေတာတုန်း..။ rap ရွတ်ဖို့် လေ့ကျင့်နေတာလား..."

ထိုအခါမှ သွားလေးဖြဲပြရင်း...

"Sry ကိုထွဋ်​.. ။ ကျွန်တော် တစ်နေရာ သွားဖို့ လောနေလို့ပါ.."

"ဘယ်သွားမလို့လဲ..။ ဒီမှာ အလုပ်တွေရှိနေတာကို.."

"ဒီလိုပါပဲ..။ ကိုယ်ရေးကိုယ်တာအရ..."

"ကိုယ်ရေးကိုယ်တာ...?"

"ဟုတ်ကဲ့.."

(ကိုယ်ရေးကိုယ်တာဆို ကိုယ်ရေးကိုယ်တာ ပေါ့ဗျာ..။ ခုနေ ပန်းချီပြပွဲ က မသွားမဖြစ်လို့ပါ လို့ပြောလိုက်ရင် ငါးနှစ်တာ ဖုံးထားသမျှ ဘူးပေါ်သလို ပေါ်ကုန်တော့မှာပေါ့...)

"စိတ်ချပါ..။ ဒီကအလုပ်တွေ အားလုံး စစ်ပြီးပါပြီ..။ သေချာစီစဉ်ခဲ့ပြီး အားလုံးပြီးမှ သွားမှာပါ.."

"အင်းပါ..။ ထားပါတော့.."

ဘယ်သွားမယ် ဘာလုပ်မယ် သေချာသိချင်မိသော်လည်း မပြောပြချင်သည်ကို ဆက်မေးရန် မသင့်သည်မို့ မြိုသိပ်ထားလိုက်မိသည်။ သို့သော် ရင်ထဲတွင်တော့ သိလိုစိတ်များတဖွားဖွား...

"စေ" (SEASON-2) {Unicode}+{Zawgyi}Where stories live. Discover now