Zawgyi
" ပိုး တို့လမ်းခွဲကြရအောင် မောင် ''
စိမ်းလဲ့နေသော ကန်ရေပြင်ကိုငေးရင်း အေးဆေးတည်ငြိမ်စွာ ဖြင့် ချစ်သူဖြစ်သူ တိမ်စိုင် အား ပိုးဝတ်လွှာ ဆိုလိုက်သည်။ ပိုး ၏ မျက်နှာတွင် အမုန်းတို့ရှိမနေ။ ခံစားချက်မဲ့သော၊ သွေးမရှိသော ၊ ဝမ်းနည်းလွမ်းဆွတ်ခြင်းတို့ဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် အကြောင်းမဲ့စွာ လှပသော ကန်ရေပြင် ကို ပိုး ငေးကြည့်နေလိုက်မိသည်။
လောကကြီးသည် တစ်ခါတလေ တရားမျှတခြင်းတို့ ကင်းမဲ့နေတတ်သည်။ ပိုးအတွက်ကတော့ တစ်ခါတလေ မှ မဟုတ်ပါဘူး။ အမြဲလိုလို မတရားပေ။ အတိတ်ဘဝက ပိုး သည် မကောင်းမှု များစွာကို ကျုးလွန် ခဲ့လေသလား မသိ။
ယခု ဘဝ၌ ဝဋ်ကြွေးများစွာကို အတိုးချ ပေးဆပ်နေရသည်ဟု ထင်သည်။" ဘယ်လိုဖြစ်ရတာလဲ ပိုးရယ် ၊ ကိုယ်ဖုန်းဆက်တာလဲ မကိုင်ဘူး၊ ကိုယ့်မှာ စိတ်ပူလိုက်ရတာကွာ ''
ကန်ရေပြင် အား ငေးကြည့်နေသည့် ပိုးဝတ်လွှာ ရဲ့
ခန္ဓာကိုယ်လေးအား တိမ်စိုင် သည် မိမိဘက်သို့ အသာအယာ ဆွဲလှည့်ကာ စိုးရိမ်တကြီး စကား ဆိုလိုက်သည်။
"ပိုး တောင်းပန်ပါတယ် မောင် ''အရောင်ဖျော့သော မျက်ဝန်းတို့သည် မောင့်အား မကြည့်။
ခေါင်းငုံ့ကာ အသက်မပါသော တောင်းပန်းစကားကိုသာ ပိုး ဆိုနိုင်တော့သည်။" ပိုး ဘာဖြစ် နေတာလဲဟင်၊ နေမကောင်း ဘူးလား၊
ပိုးမျက်နှာလည်း မကောင်းဘူး ''" ပိုး နေကောင်း ပါတယ် မောင်ရယ် ''
" မဟုတ်သေးဘူး ပိုး၊ ပိုးတစ်ခုခု ဖြစ်နေတယ် ၊
ကိုယ့်ကို ပြောပြကွာ ၊ ပိုးနဲ့ကိုယ်က ချစ်သူတွေလေ ပိုးရဲ့ ၊ ပိုး တစ်ခုခုဖြစ်တယ်ဆိုရင် ကိုယ့်ကို ရင်ဖွင့် တိုင်ပင်ရမှာလေ၊ ''" မဟုတ်ပါဘူး မောင်.....''
" ဒါဖြင့် ဘာလို့ လမ်းခွဲ စကား ဆိုရတာလဲ.... ''
YOU ARE READING
မျက်ဝန်းလွှာ (Completed)
Romanceသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...