သူ့ဆီ တစ်ခါမှ ဖုန်းမခေါ်ဖူးသည့် ဆရာ သူရမုဏ်း က ဘာအကြောင်း များရှိလို့ပါလိမ့်....." ဗျာ.... ဟုတ်ကဲ့...ဟုတ်ကဲ့..... ပြောပါဆရာ....''
"မနက်ဖြန် မင်းအားလား ''
" ဟုတ်ကဲ့ အား...ပါတယ် ''
"Ok အားရင် ငါနဲ့ လိုက်ခဲ့ပေး ''
"ဗျာ.......ဘယ်ကိုလဲ ဗျ ''
မနက်ဖြန် တနင်္ဂနွေ နေ့မို့ လွှမ်းတို့ သီးချင်း ကိစ္စ ကို တစ်ရက်နားထားသည်။ ထို့ကြောင့် တစ်နေ့လုံး အိပ်ပြစ်မယ် ဟူ၍ ကြံနေတုန်းရှိသေးတယ်၊ အခု ဘယ်သွားဖို့ရန် ခေါ်နေမှန်း မသိသော သူ့ ဆရာ
သူရမုဏ်း......." မင်းလိုက်မှာလား...... ''
" ဘယ်....ဘယ်ကိုလဲဗျ ''
"ရှည်လိုက်တာကွာ လိုက်မလား၊ မလိုက်ဘူးလား....''
ဆရာ စိတ်မရှည်တတ်သည့် အကြောင်း လွှမ်းသိထားသည်။ ခက်ပြီးဗျာ ၊ ဘယ်သွားမှန်းလဲ မသိ၊ ငြင်းလိုက်ရင်လည်းမကောင်း.........
"ကျွန်တော် လိုက်ခဲ့ပါ့မယ် ဆရာ ''
"Ok မင်းကို လာခေါ်မယ်၊ အိမ်လိပ်စာကို message ပို့လိုက် '' ဟူ၍ ပြောကာ ဖုန်းချသွားသည်။
အိမ်လိပ်စာကို သူရမုဏ်း သိသည်။ တမင်သက်သက် မသိချင်ယောင်ဆောင် လိုက်တာ။
လွှမ်း အိမ် လိပ်စာ ကို Message ပို့ပြီး အိပ်မည်ဟူ၍ ကြံတုန်း နောက် ဖုန်း call တစ်ခု ထပ်ဝင်လာသည်။
ဒီတစ်ခါတော့ လွှမ်း မျှော်လင့်မိသည့် လူ
လွှမ်း တို့ရဲ့ သူဋ္ဌေး ကိုတိမ်စိုင်ဖုန်း.....
" ဟုတ်ကဲ့ ပြောပါ ဗျ ''
" ညီ မနက်ဖြန် အားလား ''
လာပြန်ပြီးနောက်တစ်ယောက် ၊ နားမယ် ကြံထားတာ ဘာလို့ အားလား ပဲ လာမေးနေကြတာလဲ မသိ ။
" မအားဘူး ဗျ၊မနက်ဖြန် ချိန်းထား တာ ရှိတယ် ''
"ဪ.... ဟုတ်လား.၊ အင်းလေး...ညီ မအားဘူးဆိုလည်း ဘာမှမဟုတ်တော့ပါဘူး.... ၊ ဒီနေ့ သီးချင်း တွေ လေ့ကျင့်ရတာ အဆင်ပြေလား ညီ ''
KAMU SEDANG MEMBACA
မျက်ဝန်းလွှာ (Completed)
Romansaသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...