Zawgyi
အစကတည်းက ရင်းနှီသလို ခံစား နေရသည့် ဒီကောင်လေး ရဲ့မျက်ဝန်းတွေက ကျွန်တော် အရမ်းချစ်ရတဲ့ ပိုးရဲ့ မျက်ဝန်းတွေတဲ့။
ပိုးအသက်ရှင်စဉ်က .....
" အမျိုးသား မျက်စိဘဏ်မှာ ပိုး မမ ယမင်းနဲ့ မနေ့ကသွားခဲ့သေးတယ်၊ အစက မောင်နဲ့သွားမလို့ပါပဲ၊ မောင်က ခရီးထွက်နေတော့ ပိုးက မမနဲ့သွားလိုက်တာ ၊ပိုးကော မမပါ စားရင်းသွင်းခဲ့လိုက်တယ်''
"ပျော်ခဲ့ရဲ့လား ဗျ ''
"ပျော်တာပေါ့ မောင်ရဲ့၊ ပိုးကလေ စာရင်းသွားသွင်းချင်နေတာကြာပြီး၊မနေ့က မမနဲ့ အပြင်သွားရင်း စိတ်ကူးရလိုက်တာနဲ့ ချက်ချင်း သွားလှူဖြစ်လိုက်တာ ''
"ဟုတ်ပါပြီးဗျာ..... ကို့ယ်ရဲ့ အလှူ့ ဒကာမကြီး နောင်ဘဝကျရင် နတ်သမီး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့ ''
"ဟင် ......မောင်ကလည်း....ပိုးကို ဘယ်လိုပြောလိုက်တာလဲ ''
"ဟုတ်တယ်လေ ပိုးရဲ့....အခုလို အလှူ တွေ အများကြီး လုပ်နေရင် နောင်ဘဝ သေချာပေါက် ပိုးက နတ်သမီး ဖြစ်မှာပဲလေ ''
"အင်း.... အဲဒီတော့...... ''
"နတ်သမီး ဆိုတာက တစ်ဖက်ငါးရာစီ နတ်သားတွေက ပိုင်ဆိုင်ကြတယ်လေ၊ အဲတော့ မောင်ချစ်ရတဲ့ မောင့်ပိုးလေးကို နတ်သားတွေပိုင်ဆိုင်တာ မောင်မကြည့်ရက်ဘူး''
"ဟာ....မောင်ကလည်း.....မောင်မကြည့်ရက်ဘူးဆိုရင် မောင်ဒီဘဝ မှာ အလှူ များများလုပ်လေ ၊ အဲတော့မှ နောင်ဘဝကျရင် ပိုးတို့က နတ်သား၊ နတ်သမီးတွေ အဖြစ် ပြန်ဆုံကြမှာပေါ့ ၊မောင် နတ်သားဖြစ်ရင် ပိုးတစ်ယောက်ထဲကိုပဲ ချစ်ရမှာနော် ''
"ဟား.ဟား......ဟုတ်ပါပြီး ဗျာ....''
အရင်ကစကားသံများကိုတိမ်စိုင်ပြန်လည်ကြားယောင်လာမိသည်။ ပိုး အမျိုးသားဘဏ်မှာ စားရင်းပေးခဲ့တာကိုတော့ တိမ်စိုင်သိသည်။
ESTÁS LEYENDO
မျက်ဝန်းလွှာ (Completed)
Romanceသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...