Zawgyi
ထမင်းစားခန်းထဲက စားလက်စ ခေါက်ဆွဲ ပြုတ်ဗူး ကို ထားကာ လွှမ်း အိမ်ရှေ့သို့ ပြေးထွက်လာမိသည်။
အိမ်ရှေ့မှာ ရောက်နေသည်က တိမ်စိုင်.....
အရေးကြီး ကိစ္စ ရယ်လို့ ဘာမှ မရှိ။ ကိုယ်ကလည်း ဆိုင်ပြင်ဆင်မှုလုပ်နေလို့ ဆိုင်ခဏပိတ်ထားရချိန် ။ လွှမ်းကလည်း သူ့အစ်ကို မရှိလို့ အိမ်မှာ တစ်ယောက်ထဲ ပြင်းနေတယ် ဆိုတာနဲ့ပဲ လွှမ်းအိမ်ကို အလည်သဘောမျိုး ရောက်လာခဲ့သည်။
အင်း......ဟိုတစ်နေ့က Fashion ဆိုင်မှာ လွှမ်းနဲ့ သူ့ရဲ့ Producer ဆိုတဲ့ ဘဲကြီး ကို မြင်ပြီးကတည်းက လာချင်နေတာ....
အခုတော့ စကားစပ်မိပြီး လာလည်ဖြစ်သွားတာ......" ကိုယ့်အိမ်လို သဘောထားပြီး လွပ်လွပ်လပ်လပ် နေနော် ၊ အစ်ကို ဘာသောက်ဦးမလဲ ''
"ရတယ် ညီ ၊ဘာမှ မလုပ်နဲ့တော့ ''
"ဟုတ်ကဲ့၊ ကျွန်တော်မနက်စာ စားနေတာ ၊ အစ်ကိုလည်း ဝင်စားသွားပါလား ''
ဝတ္တရား အရမို့ ခေါ်သာခေါ်ရတာ ကျွေးစရာက ဘာမှရှိတာမဟုတ်။ ကိုတိုး က တစ်ပတ်ကြာမယ် ပြောသွားသော်လည်း တစ်ပတ်လွန်နေပြီး။ ခုထိ ပြန်မရောက်သေး။ ထမင်းချက် အန်တီကြီးကလည်း ရွာမှာ အရေးကြီးကိစ္စပေါ်လာလို့ ခွင့်ယူပြီးပြန်သွားတာ ၄ ရက် ရှိနေပြီး။ ဒီကြားထဲ ကိုယ်ကလည်း ဘာမှ မလုပ်တတ်တာနဲ့ အသင့်စား ခေါက်ဆွဲ ခြောက်ဗူးထဲ ရေနွေးထည့်ပြီး စားနေတာ။ ကိုတိုးသာ နောက်ထပ် တစ်ပတ်ကြာရင် လွှမ်း ခေါက်ဆွဲ ရုပ်ပေါက်တော့မည်။
" သွားစားလေ ညီ ၊ ကိုယ်စားတော့မစားဘူး ၊ ဒါပေမယ့် ထမင်းစားခန်းထဲ လိုက်ဝင်လို့ ရတယ် မလား ''
"ရတာပေါ့ဗျာ.... စောစောက ကျွန်တော် ပြောသားပဲ ကိုယ့်အိမ်လို သဘောထားပြီး လွပ်လွပ်လပ်လပ် နေပါလို့ ''
ဒီလိုနဲ့ ထမင်းစားခန်းထဲ ဝင်သွားတော့ စားပွဲပေါ်က ပွနေတဲ့ ခေါက်ဆွဲ တွေနဲ့ ဗူးကို တိမ်စိုင် မြင်သွားတော့.....
BẠN ĐANG ĐỌC
မျက်ဝန်းလွှာ (Completed)
Lãng mạnသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...