Zawgyi
ဒီ တစ်ခေါက်ပြိုင်မည့် ပွဲတွင် သီးချင်း ဆိုရုံသက်သက်မဟုတ်ပဲ Dancer တွေကိုပါ ခေါ်ပြီး လွှမ်းတို့ပါ အဆိုရော အကရော ရောပြီး ယှဉ်ပြိုင် ရမှာမို့ ပိုပင်ပန်းသည်။အဆိုပိုင်း အပြင် အကလည်း တိုက်ရသေးသည်။
အဆို ပိုင်သော်လည်း အကပိုင်းမှာ လွှမ်းမကျွမ်းကျင်။
သူများထက် ပိုလေ့ကျင်ရသည်။
ကကွက်တွေ မှတ်ရသည်။
က တတ်သွားတော့လည်း ပျော်စရာ ကောင်းသား။မနက်ပိုင်း တစ်ပိုင်းလုံး လေ့ကျင့်ပြီး သွားတာတောင် တိမ်စိုင် လွှမ်းဆီ ရောက်မလာ ခဲ့ပါ။
အစ်ကို ဘာများဖြစ်လို့ပါလိမ့်။အကတိုက်ပြီးလို့ လွှမ်း ခဏ နားနေချိန်မှာ အခန်းအပြင်ဘက် ခဏထွက်ပြီး တိမ်စိုင်ရောက်များ ရောက်နေမလား ထွက်ကြည့်မိချိန်......
" R-61 ခန်းထဲက ပန်းအိုးလေး တစ်ချက် သွားယူပြီး အပေါ် က Studio ထဲ သွားပေး ပေးပါလား ဇင်မာရယ်.....Please...နော်...''
"ဟဲ့ ငါမအား ဘူးလေ ''
"ကူညီပါဟာ ဟို အဆိုတော် MTV ရိုက်ဖို့ ပန်းအိုးလိုတာ ငါကလည်း ဆရာခိုင်းထားတဲ့အလုပ်တွေ မပြီးသေးဘူး အပြင်ထွက်စရာရှိတယ်၊ ငါအပေါ်ပြန်တက်ရင် အဆူခံထိတော့မှာပဲ၊ လုပ်ပါ ဇင်မာရယ် ''
"နင်ကလည်းဟာ တခြား ခိုင်းစရာ လူ မရှိတော့ဘူးလား''
"မရှိလို့ ပေါ့ဟယ် ၊ လုပ်ပါဟာ..... ငါ.... ငါသွားတော့မယ် နောက်ကျနေပြီး ''
ဝန်ထမ်း ကောင်မလေးနှစ်ဦး ပြောနေတာကို ကြားလိုက်ရသည်။
တစ်ယောက်မှာ အလျင်လိုဟန်ဖြင့် အကူအညီ တောင်းကာ ပြေးထွက် သွားသည်။
ကျန်နေသူတစ်ယောက်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိ။ပန်းအိုးယူပြီး အပေါ်ကို တက်ပေးရုံပဲ လေ။
အပန်းကြီး တာမှ မဟုတ်တာ.....
MTV ဘယ်လိုရိုက်လဲ လွှမ်းလည်း ကြည့်ချင်နေတာနဲ့.....
BẠN ĐANG ĐỌC
မျက်ဝန်းလွှာ (Completed)
Lãng mạnသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...