Zawgyi
CLOUD ဟူသော မီးရောင်စုံထိုးထားသည့် စာလုံး အောက်တွင်ရှိသော ဝင်ပေါက်အား လွှမ်းသည် ဝေယံနှင့်အတူတူဂစ်တာအိပ်ကိုလွယ်လျက် လှမ်းဝင်လိုက်သည်။
ဆိုင်လေးမှာ အတော်အသင့်တော့ ကြီးသည်။ညပိုင်းမှဖွင့်သည့် ဆိုင်မို့လို့လားတော့ မသိ မီးရောင်စုံဖြင့် ဆိုင်အတွင်းပိုင်းအား အလှဆင်ထားသည်မှာအေးချမ်းဖွယ် ခံစားရသည်ဟု လွှမ်းထင်မိသည်။
ဆိုင်ရှင်ကိုယ်တိုင်က နိုင်ငံခြားမှ အချက်အပြုတ်ပညာ သင်လာပြီး ကိုယ်တိုင်ဆိုင်ဖွင့်ကာ ကိုယ်တိုင်ပင် Chef လုပ်သည်ဟု ဝေယံ ပြောဖူးသည်။ ဆိုင်ရှင် သူဋ္ဌေးမှာ ဆိုင်ဝန်ထမ်းများအပေါ် အလွန် သဘောကောင်း သည်ဟုလည်း ကြားမိသည်။စည်းကမ်းပိုင်းဆိုင်ရာတွင်လည်း အလွန်သေသပ်သည့် အသက်ငယ်ငယ် အမျိုးသား Chef ဖြစ်သော ထို ဆိုင်ရှင်ကိုတော့ လွှမ်း မမြင်ဖူးပေ။ ဆိုင်ကိုတောင် အခုမှပင် လွှမ်း စရောက်ဖူးသည်။ မြန်မာအစားစာ ကို အဓိကထား၍ အခြားသော အစားစာ များလည်းရရှိသော ထိုဆိုင်လေးသည် တီးဝိုင်းနှင့်တွဲဖက်၍ သီးချင်း ဆိုလို့ရသော state စင်လေး ပါ ပါရှိသည့်အတွက် လူငယ် အများစု အကြိုက်ပင်။ ဆိုင်အတွက် ငှါးထားသော ဝါသနာ ရှင် လူငယ် အဆိုတော် များ သီဆိုဖျော်ဖြေကြသော်လည်း တစ်ခါတလေ ဧည့်သည် များက သီးချင်း ဆိုချင်ပါကလည်း ဆိုခွင့်ရှိသည်ဟု ဝေယံ ပြောပြထားသည်။
လွှမ်း ဆိုင်ထဲ ရောက်တော့ အချိန်မှာ ၅နာရီခွဲ ပြီး ဖြစ်သည့်အတွက် လူသိပ်မများသော်လည်း ခြောက်ဝိုင်းလောက်က ပြည့်နေပြီး ဖြစ်သည်။ ခဏ အကြာအတွင် ဝေယံ သည် လွှမ်းအား လူတစ်ယောက်လက်ထဲ အပ်ပြီး သူ့အလုပ်သူလုပ်တော့သည်။
တကယ်တော့ ဝေယံ သည် ဆိုင်၏ စားပွဲထိုး တစ်ဦး ဖြစ်သည်။ ဒီနေ့မှ လွှမ်းကို ဝင်ခေါ် နေရသဖြင့် သူလည်း အလုပ်နောက်ကျ နေပြီး ဖြစ်သည်။
ESTÁS LEYENDO
မျက်ဝန်းလွှာ (Completed)
Romanceသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...