ဒုတိယအဆင့် ပြိုင်ပွဲ ယှဉ်ပြိုင်ရမည့်နေဖြစ်သည်။
လွှမ်း သီးချင်း တိုက်သည်ကို လိုက်ကြည့် မည် ဆိုသော တိမ်စိုင်သည် ထိုနေ့မှ စ၍ ယနေ့အထိ လွှမ်းဆီ ရောက်မလာ ခဲ့ သလို ဖုန်းလည်း မဆက်ခဲ့ပါ။
လွှမ်းဘက်ကလည်း ဖုန်းဆက် ချင်ခဲ့ပေမယ့် ဘာရယ်ကြောင့်မှန်းမသိ ဆက်ဖို့ရာ မဝံ့ရဲ ခဲ့ပါ။
ဟိုတစ်နေ့က အဖြစ်အပျက် ကို လွှမ်းလည်း မျက်နှာပူမိသည်။ မိမိ ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် အကိုတိမ်စိုင် ကို နမ်းမိလိုက်ရာ မျက်နှာပူစရာတွေ ဖြစ်ကုန်သည်။
အကို တိမ်စိုင် လည်း အဲကိစ္စကြောင့် ခုထိ သူ့ကို မျက်နှာပူပြီး ဖုန်းမဆက်တာဖြစ်မည်။လွှမ်းဆီ ကို တိမ်စိုင် ဖုန်းမဆက်ဖြစ်ခဲ့ပေမယ့် သူရမုဏ်း ကတော့ လွှမ်းဆီ နေ့တိုင်းလိုလို ဆက်ဖြစ်ခဲ့သည်။ဆရာက Studio ထဲမှာ ဖြစ်သွား တဲ့ မတော်တဆမှုကြောင့် ပြိုင်ပွဲမှာ ကောင်းကောင်း မယှဉ်ပြိုင်နိုင်မှာကို စိုးရိမ် နေသည့်ပုံ။
တိမ်စိုင့်ကို မျက်နှာပူတာကတစ်ပိုင်းထား။
လွှမ်းပြိုင်ပွဲအား တိမ်စိုင့်ကို လာကြည့်စေချင်သည်။တိမ်စိုင်လာမှ လာပါ့မလား လွှမ်း စိတ်ပူနေတုန်း ဖုန်း ဝင်လာခဲ့သည်။
ကြည့်လိုက်တော့ တိမ်စိုင့်ဖုန်းဖြစ်နေသည်။" အစ်ကို အခုလာနေပြီးညီ၊ fighting နော် '' တဲ့။
ဒီလောက်ဆို ကျေနပ်ပြီး အစ်ကို။
ကျွန်တော် ယှဉ်ပြိုင်ဖို့ အားအင် အပြည့်ရပါပြီး....။အချစ်ဆိုတာက
ကိုယ်ချစ်နေရတဲ့သူ ကိုယ့်အချစ်ကို မသိလည်းဖြစ်တယ်။
ကိုယ်ကတော့ သူ့အသံ ကြားရင် အလိုလို အားဖြစ်လာတာမျိုး........အဟက်.....
ကိုယ့်ဟာကို တွေးရင်း လွှမ်းရယ်မိသည်။
" လွှမ်းရေ ready ဖြစ်ရင် ထွက်ခဲ့တော့နော်၊ ''
" ok အစ်မရေ ''
BẠN ĐANG ĐỌC
မျက်ဝန်းလွှာ (Completed)
Lãng mạnသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...