စိတ်မကြည်လင်မှု များစွာဖြင့် လက်မှကိုင်ထားသော ဘောပင်ကို ခုံပေါ်တွင် တတောက်တောက် ခေါက်ရင်း မျက်လုံး များသည်လည်း သူ့ အတွင်းရေးမှုးဆီ သို့ ခပ်တင်းတင်း ပင် သူရမုဏ်း ပစ်ထည့်လိုက်သည်။ သူ့မျက်ဝန်း အကြောင်းသိသော သူ့အတွင်းရေးမှူးက ခေါင်းကို ငုံ့ လျက်။ဝင်လာသော လူ မှန်သမျှ ကို သူရမုဏ်း လုံးဝ အကြိုက်မတွေ့သေးပေ။ မိမိသဘောကျမိသော ကောင်းလေးသည်လည်း အခုထိမရောက်သေးပေ။ ရောက်အောင် ခေါ်လာမည်ဟူသော မိမိ အတွင်းရေးမှူး ကိုလည်း သူရမုဏ်း ဒေါသထွက်ချင်လာပြီး။ ဒီပုံစံအတိုင်းဆို ပထမ အဆင့်ရွေးမယ့် လူ ငါးယောက်ပင် ပြည့်ပါ့မလား။
သူရမုဏ်း အဖွဲ့တွင် ရွေးမည့်ပုံစံမှာ ပထမအဆင့် ငါးယောက် ကို ရွေးပြီး မတူညီသော သီးချင်း အမျိုးအစား ပုံစံ များဖြင့် အဆင့်ဆင့် ပြန်လည်ယှဉ်ပြိုင်ရမည်။ နောက်ဆုံးကျန်သည့် အကောင်းဆုံး တစ်ယောက်ကိုသာ တစ်ဖက်အဖွဲ့နှင့် ပြန်လည် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အခုတော့ ငါးယောက်မပြောနှင့်။ တစ်ယောက်ပင် မရသေးသည့် အတွက် သူရမုဏ်း ခေါင်းအတော်ပင် ကိုက်လာနေပြီး။ နောက်ထပ်ဝင်လာသည့် လူတွေကိုလည်း ထပ်ကြည့်ချင်စိတ်များ မရှိတော့သဖြင့် လက်ထဲမှ ဘောပင်ကိုသာ ကိုင်လျှက် ခေါင်းငုံ့ထားမိတော့သည်။
" ကျွန်တော့နာမည် လွှမ်းသာ ပါ။ အသက်ကတော့ ၂၂ရှိပါပြီး။ ''
လွှမ်းသာ ဟုသော နာမည်ကို ကြားမှ သူရမုဏ်း ခေါင်းထောင်လာတော့သည်။ စိတ်ထဲ မှလည်း အနည်းငယ် ကျေနပ်ချင်လာသည်။ သို့သော် စိတ်ချလက်ချ ပျော်လို့ မဖြစ်သေးပေ။ ဒီကောင်လေး ဘယ်လိုတွေဆိုပြီး၊ ဘယ်လို လုပ်ပြမည်က မသိသေး။ ကိုယ်ဖိတ်ထားတဲ့ ဒိုင်တွေသဘောကျမှ လည်း ဖြစ်ဦးမည်။ ဘာပဲ ဖြစ်ဖြစ် ရောက်လာသည်ကိုပဲ ကျေးဇူးတင်ရမည်။
BẠN ĐANG ĐỌC
မျက်ဝန်းလွှာ (Completed)
Lãng mạnသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...