မျက်​ဝန်းလွှာ 💜2💜

2.9K 125 0
                                    

Zawgyi

" ဖြစ်​မှ ဖြစ်​ရ​လေ ညီမ​လေးရယ်​ ''

"ပိုး ဘာဆက်​လုပ်​ရမလဲ မမရယ်​ ၊ ပိုး​လေ ​မောင့်​ကို မစွန့်​လွှတ်​ နိုင်​ဘူး''

ခင်​ယမင်း သည်​ ပိုးဝတ်​လွှာ အား တင်းကျပ်​စွာ ဖက်​ထားမိသည်​။ သူမ၏ မျက်​ဝန်း တွင်​လည်း မျက်​ရည်​စက်​​လေးတွဲခိုလျက်​။

ပိုးဝတ်​လွှာ ကို သူမ ကိုယ်​ချင်းစာသည်​။
ကိုယ်​ချင်းစာ သည်​ထက်​ပိုသည်​။
အဘယ်​​ကြောင့်​ ဆို​သော်​ သူမ ကိုယ်​တိုင်​လည်း
ပိုးဝတ်​လွှာ နှင့်​ ဘဝတူ ပင်​ မဟုတ်​ပါ လား။

ချစ်​သူ တိမ်​စိုင်​ ၏ မိခင်​ဖြစ်​သူနှင့်​ ​တွေ့ဆုံရာမှ ပြန်​လာ​သော ပိုးဝတ်​လွှာသည်​ အခု သူမ​အား
အ​ကြောင်းစုံ ​ပြောပြကာ ရင်​ခွင်​ထဲ ငို​ကြွေးလျက်​။ 

တကယ်​​တော့ သူမနှင့်​ပိုးဝတ်​လွှာသည်​ ညီ အစ်​မ
ရင်းချာ​တွေ မဟုတ်​ကြ။မိဘမဲ့​ကျောင်းမှ အတူတူ
ရှင်​သန်​ကြီးပြင်းလားကြသည့်​ ညီအစ်​မရင်းနှင့်
မခြား ချစ်​ခင်​ကြသည့်​ ညီအစ်​မ​တွေ ဖြစ်​ကြသည်​။

ပိုးသည်​ ရိုးသားသည်​။ စိတ်​ထားဖြူစင်​သည်​။ မိဘမဲ့ ​ကျောင်းတွင်​ ပိုးအနိုင်​ကျင့်​ခံရတိုင်း ပိုး​ရှေ့တွင်
မားမားမတ်​မတ်​ရပ်​တည်​ကာ ပိုးကိုကာကွယ်​​ပေးခဲ့သည်​။ ပိုးအတွက်​ ခင်​ယမင်း သည်​ အားကိုးရာ
အစ်​မတစ်​​ယောက်​ဖြစ်​ခဲ့သည်​။

အသက်​ကြီးလို့ မိဘမဲ့ ​ကျောင်းမှ ထွက်​ခွာ လာခဲ့ကြသည့်​အခါတွင်​လည်း ပိုးနှင့်​ခင်​ယမင်းသည်​အတူတူ​နေဖြစ်​ကြသည်​မှာ ယ​နေ့ထိတိုင်​ဖြစ်​သည်​။
အေးအတူပူအမျှ ရင်​ဖွင့်​စရာရှိရင်​လည်း ပွင့်​လင်းစွာ ရင်​ဖွင်​ကြ၊ ငိုစရာရှိရင်​ အတူတူငိုကြ၊ ရယ်​​မော​ပျော်​ရွှင်​စရာရှိရင်​လည်း အတူတူပင်​ ​ပျော်​ရွှင်​ကြကာ 
အေးချမ်းသာယာ​သော ဘဝဖြင့်​ မိမိအလုပ်မိမိလုပ်​ကာ အိမ်​တစ်​အိမ်​ထဲတွင်​ ​နေထိုင်​ကြ​လေသည်​။

ခင်​ယမင်း သည်​ စီးပွား​ရေးဖြင့်ဘွဲ့ရပြီးသည့်​​နောက်​တွင်​ ဘဏ်​တစ်​ခု၌ အလုပ်​ လုပ်​သည်​။ ပိုးက​တော့ အင်္ဂလိပ်​စာ အထူးပြု ဖြင့်​ဘွဲ့ရပြီး ဂိုက်​ပြ​ပေးသည့်​ဆရာမ အလုပ်​ကိုလုပ်​သည်​။ ​ငွေး​ကြေးချမ်းသာ
သည့်​အိမ်​များတွင်​ ပိုးသည်​ အခ​ကြေး​ငွေ ဖြင့်
အလုပ်​လုပ်​၍၊ မရှိဆင်းရဲသည့်​ က​လေးငယ်​များ
အတွက်​​တော့ ပိုး အခမဲ့ သင်​​ပေးဖြစ်​ခဲ့သည်​။

မျက်ဝန်းလွှာ (Completed) Donde viven las historias. Descúbrelo ahora