Zawgyi
မာနကြီးပြီး စကားပြောမောက်မာမည်ဟု သူထင်ထားခဲ့သော သူဋ္ဌေး သည် သူထင်တာနဲ့ တခြားစီဖြစ်နေသည်။
လွန်ခဲ့သော တစ်နှစ်က မျက်စိခွဲစိတ်မှု အောင်မြင်ပြီး တစ်ဖြည်းဖြည်း အလင်းပြန်ရလာသော အခါ အရင်ဆုံး သူ့ကိုပြုံးပြီး ကြည့်နေသည့် ကိုတိုး ကိုမြင်ရသည်။ အလင်းပြန်မြင်နိုင်သည့် ပျော်ရွှင်မှု၊ သူအရမ်းပျော်သည်။
ငယ်စဉ်ကတည်းက မျက်မှန်တပ်ပြီး မြင်ခဲ့ရသော အရာများနှင့်မတူညီစွာ အခုမြင်နေရသော လောကကြီးသည် ပို၍ လှပသည်။ ပို၍ စိမ်လန်းသည်။ ပို၍ ကြည်နူးဖွယ်ကောင်းသည်ဟု လွှမ်းထင်မိသည်။
ဂရုစိုက်မှု ပိုခဲ့သည့် ကိုတိုးကြောင့် လွှမ်း သည် အစပိုင်းတွင် လွပ်လပ်စွာ လောကကြီးအား ရှာဖွေ စူးစမ်းခွင့်မရ။
လွှမ်းစူးစမ်းချင်သည်မှာ သဘာဝအလှအပများ၊ ရှူမျှော်ခင်းများ.....
အဝေးသင်ဖြင့် လွှမ်းကျောင်းပြန်တက်ခွင့်ရသည့်အချိန်တွင် ကျောင်း ဟူသည့်အငွေ့အသက်လေးကြောင့် မွန်းကြပ် နေသည့် လွှမ်းစိတ်တို့ ပြန်လည်စိမ်းလန်းလာခဲ့သည်။
ကျောင်းတော်ကြီးတွင် အသားဖြူ ပြီးအရပ်မြင့်သည့် ခပ်ချောချော ကောင်လေး လွှမ်းအား စိတ်ဝင်စား သူ အမျိုးသမီးများ ရှိခဲ့သည်။
ကလေးစိတ်မကုန်သေးသော လွှမ်းသည် မိမိအား ချစ်ကြိုက်သူရှိပါလျက်၊ အကုန်လုံးကို ငြင်းပယ်ခဲ့မိကာ ၊ဝါသနာ ကိုသာ လွှမ်းချစ်ခဲ့သည်။ ဘယ်သူ့ကိုရင်ခုန်ရမှန်းလည်းမသိခဲ့ပေ။
ရင်ခုန်ခြင်းများ...
အချစ်များ....ဟူသည် လွှမ်းရေးသည့် သီးချင်းများထဲတွင်သာ ရှိသည်။ အပြင်မှာဘယ်လိုခံစားရမည်ကို လွှမ်း ဂဃနဏ မသိရှိပေ။
သို့သော် လူတစ်ယောက် နှင့် တိုက်မိရာမှ စ၍
လွှမ်း မသိခဲ့သော...
BẠN ĐANG ĐỌC
မျက်ဝန်းလွှာ (Completed)
Lãng mạnသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...