Zawgyi
" နောက်တစ်ဇွန်းထပ်စားလိုက်ပါလား လွှမ်း ရယ် ''
အစ်ကိုဖြစ်သူ တိုးတက်နိုင် သည် ညီအရင်းဖြစ်သူ လွှမ်းသာ အား ထမင်းခွန့်ကျွေးနေသည်။
အခုထိ လွှမ်း စားထားသည်မှာ သုံးဇွန်းပင်မပြည့်သေး။
ထို့ကြောင့် လွှမ်းအား အစားများများဝင်နိုင်ရန် တိုးတက်နိုင
ချော့ကျွေးနေရခြင်းဖြစ်သည်။အသက် ၁၉ နှစ်အရွယ် ကောင်းလေး လွှမ်းသာ အား အဘယ်ကြောင့် အစ်ကိုဖြစ်သူက ထမင်းခွန့်ကျွေး နေရပါသနည်း။
ထမင်းတစ်ခုထဲမဟုတ်ပါ ကျန်သော လွှမ်းသာ ၏ ကိစ္စ အဝဝ တို့ကိုပါ တိုးတက်နိုင် တတ်နိုင်သမျှ လုပ်ပေးနေရခြင်း ဖြစ်သည်။အကြောင်းမှာ ညီ ဖြစ်သူ လွှမ်းသာ သည် မျက်စိ အလင်းပျောက်နေသော သနားစရာ ကောင်လေး တစ်ဦးဖြစ်နေခြင်းပင်။
ဘဝတစ်ကွေ့ တွင် လောကဓံ၏ ရိုက်ခတ်မှုကြောင့် လွှမ်းသာ သည် မျက်စိအလင်း ကွယ်ခဲ့ရသည့်အပြင် လွှမ်း
ချစ်ခင်တန်ဖိုးထားရသော မိဘ နှစ်ပါးလုံးကိုပါ လွှမ်း ဆုံးရှုံး ခဲ့ရသည်။ အခုဆိုလျှင် လွှမ်း ထံမှာ အစ်ကို တိုးတက်နိုင် တစ်ယောက်သာလျှင် မိသားစုဝင်အဖြစ် ကျန်တော့သည်။ အတိတ်ဆိုး၏ အရိပ်ဆိုးများသည် အိမ်မက်ဆိုးများအဖြစ် လွှမ်းသာ အား ခြောက်လှန့်နေဆဲပင်။" တော်ပါပြီး အစ်ကိုရယ် မစားချင်တော့ဘူး ''
"အစားများများဝင်မှ လွှမ်း အားရှိမှာပေါ့ ၊လွှမ်း အားရှိမှ
မြန်မြန်နေကောင်းမှာလေ ၊ လွှမ်းမြန်မြန်နေပြန်ကောင်း လာရင်လွှမ်ြး ဖစ်ချင်တာတွေ ကို အစ်ကို အကုန်လုပ်ခွင့်ပေးမယ်လေ၊ တစ်ဇွန်းပဲ ဖြစ်ဖြစ်ထပ်စားလိုက်ပါလွှမ်း ရယ် ၊ လိမ္မာတယ်နော် ၊ ပါးစပ်ဟ ''လွှမ်း ချက်ချင်း ပါးစပ်မဟသေး။ ပြီးမှ.....
" လွှမ်း နေပြန်ကောင်းလာနိုင်တာမှ မဟုတ်တာ ''
ESTÁS LEYENDO
မျက်ဝန်းလွှာ (Completed)
Romanceသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...