မျက်ဝန်းလွှာ 💜28💜

1.2K 49 0
                                    

Unicode
~~~~~~~

 ဟိုတယ်မှာ တစ်ညအေးဆေးနားပြီး မနက်ရောက် တော့ ဇွဲကပင်တောင်ပေါ် တက်ဖြစ်ကြသည်။

တောင်တက်ဖို့အတွက် လိုအပ်သည်များကို အသေးစိတ်ကအစ လွှမ်းအတွက် တိမ်စိုင် ဂရုတစိုက် လုပ်ပေးသည်။

လွှမ်းအတွက် တောင်တက်ဖိနပ်ကို တိမ်စိုင်  ကိုယ်တိုင် ကိုယ်ကျ စီးပေးသည်။

လွှမ်းမှာ အားနာလွန်းလို့ မျက်နှာ တောင်ပူမိသည်။

" အစ်ကို့ကိုလည်း စီးပေးမယ်လေ '' ဆိုတော့ တိမ်စိုင် က အစစအရာရာ လွှမ်းထက်အရင်ပြီးနှင့်နေပြီးဖြစ်သည်။

" အစ်ကိုတို့ မနက်စာ စားပြီး တစ်ခါထဲ တန်းသွားမယ်နော် ၊ နေ မမြင့်ခင်တက်မှ ကလေးလေး မပင်ပန်းမှာ ''

" ဟုတ်ကဲ့ အစ်ကို...''

 လွှမ်းတို့ ဟိုတယ်မှာပင် မနက်စာစားပြီး ဇွဲကပင်တောင်ပေါ် တက်ဖို့ ထွက်လာခဲ့ကြတော့သည်။

တောင်တက်သမား စတိုင်ဖမ်းထားသော လွှမ်းကို ကြည့်ပြီး တိမ်စိုင် မှာ ချစ်မဝနိုင်ဖြစ်လျှက်။

" လွှမ်းလေး ပေးပေး လွယ်အိပ်ကို ကိုယ်လွယ်ပေးမယ် ''

" ရတယ်...ရတယ် အစ်ကို...''

" အစ်ကို့ကို ပေးပါ ကလေးရာ...အားမနာနဲ့ ...အစ်ကို ကလေးအစားလွယ်ပေးမယ်....''

တိမ်စိုင် က မလုရုံတမယ် လွှမ်း ဆီက လွယ်အိပ်ကိုအတင်းယူနေတာမို့.....

"ဟာ....အစ်ကို ကလည်း ကျွန်တော် ဒီ လွယ်အိပ်ကို စတိုင်လုပ်ပြီး လွယ်မှာ... မပေးဘူး...မပေးဘူး....''

" ဪ ကလေးက
အဲလိုလား....ဟ....ဟ...ဟ....''

တိမ်စိုင် က လွှမ်းပင်ပန်းမှာစိုး၍ လွယ်အိပ်ကို လွယ်ပေးမည်ဟုတောင်းယူသည်။ ကလေးက စတိုင်ထုတ်ပြီး လွယ်ချင်တယ် ဆိုတာ သိလိုက်ရတော့ တိမ်စိုင် ရယ်လိုက်မိသည်။ ဒါကို ကလေးက ရှက်သွားပုံရသည်။ အရင်သွားနှင့် လိုက်သည်။

" ဟာ...လွှမ်းလေး.... ကိုယ့်ကိုစောင့်ဦးလေကွာ....''

တိမ်စိုင် လွှမ်းကို အမှီလိုက်ရတော့သည်။

မျက်ဝန်းလွှာ (Completed) Donde viven las historias. Descúbrelo ahora