Zawgyi
ပြိုင်ပွဲနှင့်ပတ်သက်သော စည်းကမ်း ချက်များနှင့် အဆင့်ဆင့် ယှဉ်ပြိုင်ရပုံများကို သူရမုဏ်း မှ ပြိုင်ပွဲ ဝင်များအား အသေးစိတ် ရှင်းလင်းနေသည်။
"အခု လာမယ့် Mon day မှာ သီးချင်း တစ်ပုဒ် စီ ယှဉ် ပြိုင်ရမှာမို့ အားလုံးပဲ အဆင်သင့် လုပ်ထားကြပါ၊ ဒီတစ်ကြိမ်မှာတော့ training မပေးသေးဘူး ၊ ကိုယ် ကြိုက်တဲ့ သီးချင်း ကို မူရင်းနဲ့ မတူစေဘဲ ကိုယ်ကြိုက်တဲ့ပုံစံ version ပြောင်းပြီး ယှဉ်ပြိုင်ရမယ်၊ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်လာခဲ့ကြပါ ၊ ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ ''
အစည်းအဝေး ပြီးသည့်နောက် အသီးသီး ပြန်သွားကြသည်။ လွှမ်းလည်း ဂစ်တာအိပ်ကို လွယ်ကာ ပြန်မည်အလုပ် ။
" ညီ က လွှမ်းသာ လား ''
သူရမုဏ်း ၏ အတွင်းရေးမှူးကသိသိရက်နှင့် မေးလိုက်သည်။
" ဟုတ်ပါတယ်''
"ဆရာက ဒီကညီ နဲ့တွေ့ချင်လို့ ၊ ရုံးခန်းကို ခဏ လိုက်ခဲ့ ပေးလို့ရမလား ''
"ဟုတ်ကဲ့ရပါတယ်''
လွှမ်းလည်း ထိုလူနောက်ကို လိုက်သွား သည်။
ရုံးခန်း တစ်ခုထဲ ဝင်လိုက်တော့ စားပွဲပေါ်မှာ ထိုင်နေသူမှာ စောစောက အစည်းအဝေး ခန်းထဲက လွှမ်းတို့ရဲ့ Producerဆိုသူ။
"ဆရာ လွှမ်းသာ ရောက်ပါပြီး ''
"Ok ထိုင်ပါဦး ''
လွှမ်း ဝင်ထိုင်လိုက်သည်။
" မင်းက စားသောက်ဆိုင် တစ်ခုမှာ အချိန်ပိုင်း အဆိုတော် လုပ်နေတယ် ဆိုတာ တကယ်လား ''
"ဟုတ်ပါတယ်ဗျ''
" ဒီ entertainment က ထွက်တဲ့ အဆိုတော် တွေ အားလုံးက အမြဲတမ်းအောင်မြင်တယ်၊ ပြီးတော့ ဒီ entertainment က နည်းနည်းတော့ စည်းကမ်းကြီးတယ် ဆိုတာ မင်း ကြားမိပါတယ်နော် ''
"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်''
" Ok အခု လုပ်မယ့် ပြိုင်ပွဲ မှာ ၊အခြား တစ်ဖက်အသင်းနဲ့ ပြန်ပြိုင်ရမယ်ဆိုတော့ အရမ်းအရေးကြီးတယ်၊ အဲတော့ မင်းအခု လုပ်နေတဲ့ အလုပ်ကို ခေတ္တရပ်နားထားစေချင်တယ်''
VOUS LISEZ
မျက်ဝန်းလွှာ (Completed)
Roman d'amourသေဆုံးသွားတဲ့ ကိုယ့်နှလုံးသား ကို ရှင်သန်စေခဲ့တဲ့ မင်းမျက်ဝန်း လှလှလေးတွေကို ကိုယ်ချစ်တယ် လွှမ်း..... ဒါပေမယ့် အဲဒီမျက်ဝန်းကို မြင်တိုင်း ကိုယ့်သတ္တိတွေ မဲ့ကုန်တယ် ကိုယ်မင်းကို ရင်မဆိုင် ရဲသေးဘူး လွှမ်း ရာ...... ...