မျက်​ဝန်းလွှာ 💜19💜

1K 52 0
                                    

Zawgyi

" ကိုသက်​​ဝေ ​ရေ....... အထုပ်​​တွေ အကုန်​အစုံ ချပြီးပြီးလား ''

"ခဏ​လေး....အင်း... တစ်​ထုပ်​၊...မှုန့်​... အဝတ်​အစားရယ်​....အင်း....အရုပ်​....''

ကိုသက်​​ဝေသည်​ ခင်းယမင်း၏ အ​မေးကို ပြန်​​ဖြေနိုင်​ဖို့ရန်​ ​ဂေဟာအတွင်း ချထား​သော အထုပ်​များကို ပြန်​လည်​စစ်​​ဆေး​နေသည်​။

" အထုပ်​ 30 မှာ.... ၃ ထုပ်​လို​နေ​သေးတယ်​ ယမင်း​ရေ...''

"ဟုတ်​လား...ကိုသက်​​ဝေ....ကားထဲမှာလည်း ပစ္စည်း ​တွေက ကုန်​ ​နေ​လောက်​ပြီး၊ ဒုက္ခ ပဲ ဘယ်​နားမှာများ ကျန်​​နေခဲ့လဲ မသိဘူး ''

ယမင်းတို့ ပစ္စည်း စစ်​​နေတုန်း နုငယ်​က ​ရောက်​လာပြီး....

" ဘာလို​သေးတာလဲ မမ''

"မသိပါဘူး ညီမရယ်​ မမတို့လည်းစစ်​​နေတာပဲ ''

"ဪ ....ညီမ.... သိပြီး.....''

အလန့်​တကြား ​အော်​ မိ​သော နုငယ်​အသံ​ကြောင့်​ ပစ္စည်း စစ်​​နေ​သော သက်​​ဝေနှင့်​ ယမင်းတို့ပါ လန့့်​ကုန်​၏။

" ဖြည်းဖြည်း လုပ်​ပါဟာ.....နင်​ကလည်း အလန့်​တကြား.... ''
သက်​​ဝေ​ပြောလိုက်​သည်​။

ယမင်းကို စိုက်​ကြည့်​​နေ​သော နုငယ်​ကို ဘာများလဲ ဟူ​သော အကြည့်​ဖြင့်​ ယမင်းကပြန်​ကြည့်​​တော့.....

" အဲ အထုပ်​က ညီမတို့ မိန်းက​လေး​တွေ စီးလာတဲ့ ကားနဲ့ ပါလာတာ မမရဲ့ ''

"ဪ မမ သိပြီး.....''

"အင်း..... အဲ ဒီ အထုပ်​...''

သက်​​ဝေက ဘာများလဲ ဟူသည့်​ ပုံစံ ဖြင့်​ ယမင်းတို့ကို စိတ်​ဝင်​တစား ကြည့်​​နေသည်​။

" ခဏ​နော်​ ကိုသက်​​ဝေ ယမင်းတို့ ထွက်​ယူလိုက်ဦး​မယ်​။ ''

နုငယ်​နှင့်​ ယမင်းတို့ ခပ်​သွက်​သွက်​ ထွက်​သွား​တော့သည်​။

" ဟား....​ဟေ့...ဘာအထုပ်​လဲဆိုတာ ငါ့လည်း ​ပြောပြသွား​လေ .....ဪ ဒီ မိန်းက​လေး ​တွေ..ခက်​တယ်​ဗျာ.... ''

တကယ်​​တော့ နုငယ်​တို့စီးလာတဲ့ကားနဲ့ ပါလာသည့်​ အထုပ်​မှာ အမျိုးသမီး လစဉ်​သုံး ပစ္စည်းများထည့်​ထားသည့်​ အထုပ်​ဖြစ်​သည်​။

မျက်ဝန်းလွှာ (Completed) Onde histórias criam vida. Descubra agora