Four

4.2K 563 26
                                    

သူတို့တစ်ခုခုဖြစ်သွားကြပြီ.. ဒါမှမဟုတ် အမည်ခံမဟုတ်ဘဲ တကယ်ချစ်နေကြပြီလို့ ခင်ဗျားတို့ထင်တယ်မလား။

စိတ်မကောင်းပေမယ့် ခင်ဗျားတို့ရဲ့ စိတ်ကူးလေးတွေကို ဖျက်သိမ်းလိုက်ကြပါဗျာ ..။

ဘာလို့လဲ ?

သူတို့က ဂန်ဆူးလ်ဂီနဲ့ ဘယ်ဂျူဟျွန်းမို့လို့လေ။

X


ဆူးလ်ဂီရဲ့ ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းဆန်နေတယ်။

နှလုံးခုန်သံတွေက မြင်းဆယ့်ငါးကောင်လောက် ခုန်ပေါက်နေသလိုမျိုး ဝုန်းဒိုင်းကျဲပြီးထကြွလို့။ ပြည့်မို့နေတဲ့ ပါးကြီးနှစ်ဖက်လည်း ခရမ်းချဉ်သီးအလား နီရဲတွတ်လာတယ်။

ဒီမေဂျာကိုယူခဲ့မိတာ ဘယ်တုန်းကမှနောင်တမရသလို အခုဆိုရင် ပိုပြီးတော့တောင် ကျေးဇူးတင်သေးတယ်။

ဆူးလ်ဂီဘဝမယ် .. သြော် ဆူးလ်ဂီဘဝထဲမယ် အချစ်ဆိုတာကို ဘာမှန်းတောင် မသိခဲ့ဖူးပါ။

သောင်ပြင်လွှတ်ခံရတဲ့ အယ်လ်ဇေးရှင်းလေးတစ်ကောင်လို ဆူးလ်ဂီဘဝကအထီးကျန်နေခဲ့တာ။

ဂျူဟျွန်းရဲ့ အမည်ခံရည်းစားအဖြစ်နေရင်း ဘဝကို ပေါ့ပေါ့တန်တန် ဖြတ်သန်းမိပေမယ့် အခုတော့ ကိုယ့်ဘဝကိုလည်း အာလူးကြော်တွေလိုမျိုး တန်ဖိုးရှိရှိ ဖြတ်သန်းပါတော့မယ်။

ဘာကြောင့်လဲဆိုရင်.. မေဂျာပြောင်းပြီးရောက်လာတဲ့ ဆံပင်ဂုတ်ဝဲလေးနဲ့ အသားဖြူဖြူ Wendy ဆိုသူ ကောင်မလေးကြောင့်ပေါ့။

"ဂျူဟျွန်းနင်သိရမှာဟာ .. သူကအရမ်းချောတာ ချစ်ဖို့လည်းကောင်းတယ်"

ဂျူဟျွန်းက ဆူးလ်ဂီစကားတွေကို နားထောင်ရင်း ထောင့်နားက အမှိုက်ပုံးဆီ ငှက်ပျောသီးနွားနို့ဗူးခွံကို လှမ်းပစ်သည်။

မဝင်ပါဘူး။

ဆူးလ်ဂီထိုအမှိုက်ကို ကောက်ဖို့ထလိုက်တော့ တစ်ယောက်ယောက်က ထိုအမှိုက်ကိုကောက်ပြီး အမှိုက်ပုံးထဲပစ်ထည့်ကာ သူတို့ရှိရာဆီလျှောက်လာသည်။

Dumb and DumberWhere stories live. Discover now