Eight

4.3K 600 41
                                    

လူတစ်ယောက်ကို ချစ်မိသွားဖို့အတွက် အချိန်(၄)မိနစ်ပဲ လိုအပ်တယ်လို့ စာအုပ်တစ်အုပ်မှာ ရေးထားတာကို ဂျူဟျွန်းဖတ်ခဲ့ဖူးတယ်။ အဲ့ဒါက အမှန်ဖြစ်နိုင်လား။ အဲ့လိုအချစ်တစ်ခုကရော အချိန်ဘယ်လောက်ထိ စိတ်မပျက်ဘဲ ချစ်သွားနိုင်မှာလဲ။

ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးကတည်းက တခြားတစ်ဦးကို ထပ်မချစ်ချင်တော့တာ။

ဒါပေမယ့်..  ဂျူဟျွန်းအောင်မြင်ခဲ့လား။ လှုပ်ခတ်သွားတဲ့ ရင်ခုန်သံတွေက တဒင်္ဂပဲလား။ ကယောင်ကတမ်း ခံစားမိတာတွေလား? အနေနီးသွားလို့များ စိတ်နဲ့ကိုယ်မှာ တစ်ခုခုမှားသွားတာလား။

ဆူးလ်ဂီကို ဂျူဟျွန်း-

'ဖတ်'

"အ!"

စပ်ဖျင်းဖျင်းဖြစ်သွားသော နဖူးနဲ့အတူ မိမိခန္ဓာကိုယ်လည်း ထိုင်လျက်သားက အိပ်ရာပေါ် ပြန်လဲကျသွားလေသည်။ အနှီမိခင်၏ လက်သံသည် အတော်လည်းပြောင်ပေစွ။

"သမီး နဖူးစာလွဲတော့မှာပဲ အမေလုပ်တာနဲ့!"

နောက်စေ့ကို ခပ်ဖွဖွပြန်ရိုက်ရင်း အမေဖြစ်သူကို ဂျူဟျွန်းပြန်ပြောမိသည်။

"ငါခေါ်နေတာတော့ မကြားဘဲနဲ့"

"အမေကလည်း သမီးအတွေးလွန်နေလို့ကို"

"အဲ့ဒါဆို ဧည့်သည်က တစ်ချိန်လုံးရပ်စောင့်နေရမှာလား"

ဧည့်သည်?  ဆူးလ်ဂီက နေကောင်းသွားပြီမို့လို့လား?

ဂျူဟျွန်းလောက်မဆိုးပေမယ့် အခုလိုမျိုး လာလည်ဖို့ အဆင်ပြေလို့လား။

ကိုယ့်စိတ်နဲ့ကိုယ် ဆူးလ်ဂီဆိုပြီး သတ်မှတ်ထားပေမယ့် တကယ်တမ်း အပေါက်ဝမှာမြင်ရတာ သူမဟုတ်။

"ဘိုဂမ်း?"

လက်ထဲမှာ ပန်းစည်းတစ်စည်းကိုင်ပြီးတော့ ဆေးရုံခန်းရဲ့ အပေါက်ဝမှာ မတ်တပ်ရပ်နေသူဟာ ဂျူဟျွန်းရဲ့ရည်းစားဟောင်း ပတ်ဘိုဂမ်း။

"အမေ အပြင်ခဏသွားလိုက်ဦးမယ် အေးအေးဆေးဆေး စကားပြောကြ"

အခြေအနေတင်းမာမှုကို သတိထားမိတဲ့အလား.. အမေဖြစ်သူက သူတို့စကားပြောဖို့ရာ တစ်နေရာကို ခေတ္တရှောင်ပေးသွားလေသည်။

"ကိုယ် ဝင်လာလို့ရမလား ဂျူဟျွန်း"

မျက်လုံးချင်းမဆုံစေဘဲ ဒီတိုင်းခေါင်းငြိမ့်ပြလိုက်တော့ ဘိုဂမ်းက တိတ်တိတ်ဆိတ်ဆိတ်သာ ဝင်လာသည်။ ဒီနောက် သူဝယ်လာသောပန်းစည်းကို ဂျူဟျွန်းလက်ထဲ ထည့်ပေးလေသည်။

"ကျေးဇူး"

ပန်းစည်းအစား ငှက်ပျောသီးနွားနို့ဗူး တစ်ပါကင်ပဲဖြစ်ဖြစ် ငှက်ပျောသီး ရေခဲ လက်ဖက်ရည်လေး ပါဆယ်ဆိုရင်လည်း တော်တော်ပျော်ဖို့ကောင်းမှာပဲ။

"နေကောင်းရဲ့လား"

"ကောင်းပါတယ် ဆင်းရတော့မှာ"

သူ့အသံထဲ နူးညံ့မှုတွေပါနေတာကို ဂျူဟျွန်းမကြိုက်။ မျက်နှာနှစ်ဖက်နဲ့လူလိုမျိုး ခံစားနေရသည်။ ဒါကြောင့်လည်း ဆူးလ်ဂီက သူ့ကိုသဘောမကျတာ။

"ကိုယ် တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

ဘိုဂမ်းက ဂျူဟျွန်းလက်ကို ကိုင်ဖို့ကြိုးစားသည်။ ဒါပေမယ့် သူ့ထက်ပိုမြန်တဲ့အတွက် ဂျူဟျွန်းက လက်ကို စောင်ပုံထဲထည့်ထားလိုက်လေသည်။

ထိုအခါ ဘိုဂမ်းက တိုးတိုးလေးရယ်သည်။

"တွဲနေတုန်းမှာ ကိုယ်မင်းအပေါ် မကောင်းခဲ့ဘူးမလား"

"ပြတ်သွားပြီးတော့လည်း မကောင်းပါဘူး"

အကန်တွေချည်းပဲ ဂျူဟျွန်းပြောနေမိတယ်။ တွဲနေတုန်းမှာ ဂျူဟျွန်းအပေါ် မကောင်းခဲ့သလို ပြတ်သွားတော့လည်း တခြားသူတွေအပေါ် သူမကောင်းခဲ့။

"အဲ့အတွက်ကို ကိုယ်တောင်းပန်ပါတယ် ဒါပေမယ့် တစ်ကြိမ်လောက် ကိုယ့်ကိုအခွင့်အရေး ပြန်ပေးပါ ကိုယ်အမှားတွေပြင်ပါ့မယ်"

"ဘာ?"

ကြားလိုက်ရတဲ့ ကိုယ့်နားကို ဂျူဟျွန်းမယုံချင်တော့။ ပတ်ဘိုဂမ်းက နောက်တစ်ကြိမ်ပြန်တွဲဖို့ တောင်းဆိုနေတယ်တဲ့လား။

"ကိုယ်တို့ပြန်တွဲရအောင် ဂျူဟျွန်း"

Dumb and DumberOpowieści tętniące życiem. Odkryj je teraz