Ten

4.7K 624 77
                                    

ကျောင်းဝင်းထဲကို ခြေချလိုက်တယ်ဆိုရင်ပဲ တောထဲက အကောင်ပလောင်တွေလို အသံပေါင်းစုံကိုကြားနေရတယ်။ သိပ်ပြီး မထူးဆန်းတဲ့ ထူးဆန်းမှုကြီးပါပဲ။

ထူးဆန်းတာတစ်ခုခုကို ကြုံလို့မြင်လို့ရှိရင် မထူးဆန်းတဲ့အရာတွေ လုပ်လေ့ရှိတာမျိုးပေါ့။ ဥပမာ ပေါ်တင်ကြီးတွေကြည့်တာ တိုးတိုးပြောတာ လက်တို့ပြီး သူများကိုပါပြောတာ အဲ့ဒါအပြင်ကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်ပါတင်တာ။

"အဲ့..အဲ့ဒါ ဘယ်ဂျူဟျွန်းလား!?"

ကိုယ့်ကိုယ်ကို မလှဘူးလို့ ဘယ်တုန်းကမှမတွေးဖူးပေမယ့် သူတို့ဝိုင်းငေးရလောက်တဲ့အထိတော့ လှလိမ့်မယ်လို့ ဂျူဟျွန်းတစ်ခါမှမတွေးဖူး။

လက်ထဲ ဗလာစာအုပ်တစ်အုပ်ကို လိပ်ပြီးကိုင်ထားတယ်။

လမ်းလျှောက်တိုင်း ခရမ်းရောင်ဆံပင်တွေက လူတွေရဲ့ အကြည့်အကုန်လုံးကို ဖမ်းစားထားပြီး ဒီလိုဆိုးထားတာဟာ ဘယ်သူလဲလို့ကြည့်လိုက်တိုင်း သူတို့မျက်လုံးတွေ ပြူးကျယ်သွားကြတယ်။

စာဂျပိုးလိုလို အပါယ်ခံလိုလိုပုံစံ ဖြစ်ခဲ့ဖူးတဲ့ ဂျူဟျွန်း။ ဖက်တီးတစ်ယောက်နဲ့ပဲ တန်တယ်ဆိုပြီး လူတွေက သတ်မှတ်ထားကြတဲ့ ဂျူဟျွန်း။

"ဟာ အဲ့ဒါဆို သူ ဆူးလ်ဂီနဲ့ ဆက်တွဲဦးမှာလား"

မီးတောထဲက သိပ်ပြီးရိုမန်တစ်မဆန်တဲ့ ဇာတ်လမ်းကို တစ်ကျောင်းလုံးနီးပါး သိကြပြီးတဲ့နောက် ဂျူဟျွန်းတို့ အတွဲကိုလည်း တစ်ကျောင်းလုံး သိကုန်ကြပါတယ်။

ဒါပေမယ့် ဂျူဟျွန်းနားမလည်နိုင်တာက ဘာကိစ္စ ဆူးလ်ဂီနဲ့ ဆက်မတွဲရမှာလဲ?

သူတို့ကတွဲနေတာမဟုတ်ဘူး ဆိုပေမယ့်တွဲနေတာပဲလေ။  ဒီကိစ္စက အရမ်းနက်နဲတယ်။ တော်ရုံလူနားမလည်နိုင်ဘူး။ နားလည်ရင် အရမ်းဉာဏ်ကောင်းလို့ပဲ။

စာအုပ်ကို ပိုတင်းတင်း ဆုပ်ကိုင်ထားလိုက်တယ်။

"ဂန်ဆူးလ်ဂီ ဘယ်မှာလဲ"

အဆောင်အသစ်အနေနဲ့ ပြန်ဆန်းသစ်လာပြီဖြစ်တဲ့ ဂျူဟျွန်းတို့စာသင်ဆောင်ရဲ့ လျှောက်လမ်းမှာ အကုန်လုံးက ပါးစပ်တွေဟောင်းလောင်း။

Locker ထဲကို စာအုပ်တွေထည့်နေရာက ရပ်တဲ့သူကရပ် စကားပြောနေရင်း ပါးစပ်ဟောင်းလောင်း ဖြစ်သွားတဲ့သူက ယင်ကောင်ဝင်တော့မလိုလို။

ပြီးတော့ ဂျူဟျွန်းဘေးက‌နေ တစ်ယောက်ယောက် ဖြတ်လျှောက်သွားတယ်။ သူမကို တစ်ချက်တောင် မကြည့်သွားဘဲ။

ကြည့်ပါ ကြည့်ပါလို့တော့ ဆိုလိုချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလောက်ချောတဲ့သူကို ကြည့်သင့်တယ်မလား။

အချင်းချင်း ဖြတ်လျှောက်ရင်းက ဂျူဟျွန်းစိတ်ထဲ မတင်မကျဖြစ်သွားမှုကြောင့် ခြေလှမ်းတွေကိုရပ်ပြီး တစ်ခုခုကို တွေးမိသွားတယ်။

ဒီလူတွေ ဒီလောက်ရပ်ပြီးကြောင်နေတာ ဂျူဟျွန်းနဲ့ရော ပတ်သက်ရဲ့လား။ ပြီးတော့ ခုနကသူ.. သူ့ပုံစံက..

"ဂျူဟျွန်း"

ဒီနာမည်ဟာ တစ်ယောက်ယောက်ခေါ်လိုက်မှ ပြည့်စုံသွားတတ်တဲ့ စာလုံးပေါင်းသတ်ပုံတွေလို ..။

တွေးချင်းတိုင်းတွေးပြီး ပြေးချင်းတိုင်းပြေးနေတဲ့စိတ်တွေ အခုမှ ပိုင်ရှင်ဆီ ပြေးကပ်ခိုဝင်လာသလိုမျိုး ရင်ဘတ်ထဲ တင်းကျပ်လာတယ်။

ထုတ်မပြောပေမယ့် တစ်ခုခုများဖြစ်နေလားဆိုပြီး ကြိတ်မှိတ်စိတ်ပူနေခဲ့ရသမျှ အခုတော့..။

ဂျူဟျွန်းနောက်ပြန်လှည့်ကြည့်မိတာပေါ့။

"ဆူးလ်..ဆူးလ်ဂီ"

မနက်အိပ်ရာကနိုးနိုးချင်း ထီပေါက်ပါတယ်လို့ ဖုန်းဆက်ပြီး အကြောင်းကြားခံရတဲ့သူ နီးပါးလောက်ကို ဂျူဟျွန်းအံ့သြပြီး စကားတွေစွံ့အကုန်တယ်။

ဒါ ဆူးလ်ဂီလား? XXL ဝတ်ခဲ့ဖူးတဲ့ ဂန်ဆူးလ်ဂီလား?

နွေးထွေးတဲ့မျက်ဝန်းတွေ ဆံပင်အညိုရောင်တွေ လက်ချောင်းတွေ ပြီးတော့ နှာခေါင်းရယ် အကုန် ဆူးလ်ဂီအစစ်မှ ဟုတ်ရဲ့လားလို့ ဂျူဟျွန်းလိုက်စစ်ဆေးရတယ်။

"ဆူးလ်ဂီ? "

"ဂျူဟျွန်း!! ရား.. နင်တကယ်လှတာပဲ"

နွေးခနဲဖြစ်သွားတဲ့ ခံစားချက်ကို လျစ်လျူရှုလိုက်ပြီး ဆူးလ်ဂီနဲ့ သူ၏ပြောင်းလဲမှုများ အခြင်းအရာအောက်မှာ ဂျူဟျွန်းနစ်မျောနေတယ်။

ပိန်သွားတာထက်ပိုပြီး သောက်ကျိုးနည်းကြည့်ကောင်းတဲ့ Level ကိုရောက်သွားတာ ဂျူဟျွန်းကို နည်းနည်းမှ ကူညီရာမရောက်ဘူး။

ဒါနဲ့ သူ Wendy ဆီကိုသွားတော့မှာလား။

"ဂျူဟျွန်း? ငါ့ကိုနင့်ဖုန်းနံပါတ် -"

Dumb and DumberWhere stories live. Discover now