ကျနော်တို့ဟာ အချစ်နဲ့တွေ့ရင် ပြောင်းလဲသွားတတ်တဲ့ လူသားတွေပါပဲ..။
သတ္တိနည်းတဲ့သူက သတ္တိရှိလာမယ်၊ ရှက်တတ်တဲ့သူက နည်းနည်းလောက်ရဲလာမယ်။ ပစ်စလက်ခတ်နေတတ်သူက သပ်သပ်ရပ်ရပ်ရှိလာမယ်။
ဒီလိုနည်းအားဖြင့် ကျနော်တို့ဘဝတွေက အရင်ကထက် အရောင်အသွေး ပိုစုံလင်လာကြတာ မဟုတ်ပေဘူးလား။
ဂျူဟျွန်းနဲ့ ဆူးလ်ဂီတို့ရဲ့ ဘဝတွေမှာရော ဘာတွေများ ပြောင်းလဲသွားကြသလဲ။
အချစ်နဲ့ ရေးသီတဲ့ စာမျက်နှာတွေထက်ကို ကျနော်တို့ တစ်ခဏလောက် သွားလေ့လာကြည့်ရအောင်။
X
လောကကြီးရဲ့ တောင်နဲ့မြောက်တစ်နေရာစီမှာ ဂျူဟျွန်းနဲ့ ဆူးလ်ဂီ အလုပ်ရှုပ်နေကြတယ်။
အချိန်ကိုကြည့်ရမယ်ဆိုရင် မနက်ခုနစ်နာရီခွဲ။ လွန်ခဲ့တဲ့နေ့တွေက ဂျူဟျွန်းဆိုရင် ရှစ်နာရီခွဲမှ အိပ်ရာထတာဖြစ်ပြီး ဆူးလ်ဂီကတော့ ကျောင်းချိန်ကပ်မှ ကပျာကယာနဲ့ အိပ်ရာနိုးတာဖြစ်တယ်။အခုကတော့ အတိတ်နေ့ကနောင်တများ မေ့ပျောက်ကာ သူတို့တွေ Feel So Good နေတဲ့ အခိုက်အတန့်လို့ပဲ သတ်မှတ်ရမှာပေါ့လေ။
တစ်ယောက်က အောက်ခံမိတ်ကပ်လိမ်းနေတဲ့အချိန် တစ်ယောက်က သီချင်းဖွင့်ပြီး ဒီနေ့ဘာဝတ်ရမလဲလို့ စဉ်းစားနေတယ်။
အပြစ်တင်လို့ရတာတော့လည်း မဟုတ်ပါဘူး။ ဒါက သူတို့ရဲ့ 'ဟန်ဆောင်ရည်းစားမဟုတ် အမှန်အကန် အတည်ရည်းစားအဖြစ် တစ်ရက်မြောက်သောနေ့' လေ။
တစ်ယောက်က အိမ်ကလူကို နှုတ်ဆက်နေတဲ့အချိန် တစ်ယောက်က တံခါးသော့ သေချာခတ်ထားမထားကို စစ်ဆေးနေတယ်။
နှစ်ယောက်လုံး လမ်းမထက်ကို ခြေချတဲ့အချိန်မှာတော့ သူတို့မျက်နှာမှာ အပြုံးတွေရှိပြီး ရင်ဘတ်ထဲမှာဆိုရင် ကုလားဘုရားလှည့်သလို တရုတ်နဂါး ကနေသလို အင်္ဂလိပ်ကားထဲက သေနတ်တွေ တဒိုင်းဒိုင်းပစ်နေသလို ရင်ခုန်သံတွေရှိတယ်။
KAMU SEDANG MEMBACA
Dumb and Dumber
Fiksi Penggemarငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..