A/N
သင်သိပါသလား ?
ငှက်ပျောသီး ရေခဲ လက်ဖက်ရည်ကြိုက်တဲ့ ဂျူဟျွန်းကိုကြိုက်တဲ့ ဂန်ဆူးလ်ဂီတို့ ကြိုက်သွားတဲ့အကြောင်း ရေးထားတဲ့ ဒီ Dumb and Dumber စာအုပ်ကို Bright Future Book House ကနေ ထုတ်ဝေမှာဖြစ်လို့ လာမယ့် ၉ရက်နေ့ကစပြီး ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပါကြောင်း..။
ငတုံးနဲ့ ငကြောင်ရဲ့အကြောင်းများကို ရေးသားသူ
-Dumb Han-x
လူနှစ်ယောက် ချစ်သူဖြစ်ကြတယ်ဆိုရာမှာ..
ဘယ်သူကအရင် စချစ်မိတာလဲ။
ဘယ်လိုချစ်မိသွားတာလဲ။
ဘယ်မှာတွေ့ပြီး ချစ်မိသွားတာလဲ။
သူ့ရဲ့ဘယ်အချက်ကို ချစ်တာလဲ ဆိုပြီးတော့ မေးခွန်းတွေ မေးလေ့ရှိကြတယ်မလား။
ဆိုတော့.. ဂျူဟျွန်းနဲ့ ဆူးလ်ဂီရဲ့ဇာတ်လမ်းထဲမှာရော ဘယ်သူက အရင်ချစ်မိမယ်ထင်သလဲ ဒါမှမဟုတ် သူတို့ရဲ့သက်ဆိုင်ရာ ချစ်သူတွေနဲ့ပဲ အဆင်ပြေသွားကြမှာလား။
ကျနော်တို့ အဖြေရှာဖို့လိုပါပြီ။
X
"ဟိုင်း"
Wendy ရဲ့ ရှေ့တော်အပါးမှာ စကားကို ဖြောင့်အောင်မပြောနိုင်တော့တဲ့ ဆူးလ်ဂီကို ကြည့်ပြီးတော့ နားရင်းအုပ်ချင်စိတ်တွေ ဂျူဟျွန်းမှာ တဖွားဖွားပေါ်လာသည်။
သူ ဘာကိုကြောက်နေမှန်း နားမလည်နိုင်တော့။
"ဆူးလ်ဂီ? ဂျူဟျွန်း?"
ဂျူဟျွန်းရယ်ပြလိုက်ရင်း ဆူးလ်ဂီကို တံတောင်နဲ့ တွတ်လိုက်တယ်။အဖြစ်အပျက်က Wendy နဲ့ စစချင်း တွေ့တုန်းကလို ဖြစ်နေတဲ့အတွက် Wendy က ရယ်လေသည်။
"Banana Ice Tea တစ်ခွက်၊ Carrot Cake တစ်စိတ် ပြီးတော့ -"
ဂျူဟျွန်းဆီက မုန့်မှာတဲ့အသံကိုကြားမှ ဆူးလ်ဂီသတိကပ်ပြီး လန့်သွားတဲ့မျက်နှာနဲ့ တစ်ဘက်ကို ကြည့်လာတယ်။
"ဘယ်ဂျူဟျွန်းနင်မှာတာအများကြီးပဲ ငါရှင်းရမှာလေ"
"သိတယ်လေ အဲ့ဒါကြောင့်မှာနေတာပေါ့"
"ငါရှင်းရမှာလေလို့"
"အေး သိတယ်လို့ ဒါနဲ့ Wendy ဒီမှာ -"
"ရှင်းမယ် Wendy ဘယ်လောက်ကျလဲ"
Wendy က စူပုတ်သွားတဲ့ ဂျူဟျွန်းမျက်နှာကိုကြည့်ပြီးတော့ ခေါင်းခါရင်းရယ်သည်။ ဆူးလ်ဂီပိုက်ဆံအိတ်ကို ထုတ်ရင်း ကျသင့်ငွေကို ကောင်တာပေါ်တင်လိုက်တော့ ချက်ချင်းဆိုသလို ဂျူဟျွန်းက ဆွဲယူပြီး ဆူးလ်ဂီလက်ထဲထည့်သည်။
"ငါပိုက်ဆံရှင်းရမယ်လေ"
"သိတယ်လေ ဂွင်ဖန်ပေးနေတာ နင့်ကို"
"ဟမ် ဘာဂွင်လဲ"
ဂျူဟျွန်းက ဆူးလ်ဂီကို တုံးလိုက်တာဆိုသော အကြည့်မျိုးနဲ့ ကြည့်လာသည်။ ထို့နောက်မှ အနားကပ်၍ တိုးတိုးပြောသည်။
"ပိုက်ဆံကို Wendy လက်ထဲထည့်တဲ့အခါကျတော့ နင်တို့ skin ship ရတာပေါ့ဟ ငတုံးရ"
"သြော် အေး ဟုတ်သားပဲနော်"
ဆူးလ်ဂီအူကြောင်ကြောင်နဲ့ ဂျူဟျွန်းကို ရယ်ပြတော့ ဂျူဟျွန်းက မရှိတဲ့မုတ်ဆိတ်ကို လက်နဲ့သပ်နေလေသည်။
"Wendy ဒီမှာပိုက်ဆံ"
အား လား လား.. ဂျူဟျွန်းပြောသလို Wendy လက်ဖဝါးလေးကို.. -
လက်အိတ်အဖြူဝတ်ထားတဲ့ လက်ဖဝါးကို ဆူးလ်ဂီရော ဂျူဟျွန်းပါ မြင်လိုက်ရပြီးသည့်နောက် သူတို့အချင်းချင်း ခဏတာ အကြည့်ချင်းဆုံမိလိုက်သည်။
"ဘ..ဘာလို့ လက်အိတ်ဝတ်ထားတာလဲ"
Wendy က ဆူးလ်ဂီမေးခွန်းကိုကြားတော့ သူ့လက်တွေကိုထောင်ကြည့်ပြီး ဖြေသည်။
"သြော် လက်အိတ်တွေလား? ငါက ပိုက်ဆံကိုင်ရတော့ လက်အိတ်ဝတ်ထားရင် ပိုကောင်းမယ်လို့ မန်နေဂျာက ပြောလို့လေ လက်မှာပိုးကပ်မှာ စိုးလို့တဲ့"
ဂျူဟျွန်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် စကားကို သေချာနားထောင်သော်လည်း ဆူးလ်ဂီကတော့ မန်နေဂျာကိုသာ စိတ်ထဲကနေ မေးခွန်းတွေထုတ်မိသည်။
ဝှိုင်း.. ဘာလို့လဲ ??
"ရရင် လာပို့ပေးမယ်နော်"
"အင်း အဲ့ဒါဆို ငါတို့ထိုင်ပြီနော်"
ဆူးလ်ဂီခေါင်းငိုက်စိုက်ကျပြီး စားပွဲတစ်လုံးမှာ ဖြစ်သလို ဝင်ထိုင်လိုက်သည်။
"စိတ်ဓာတ်မကျပါနဲ့ ငါ့ကောင်ကြီးရ"
ဂျူဟျွန်းနဲ့ သူ့စကားတွေကို ကြားရပြန်သည်။ ဘာသဘောနဲ့များ ဆူးလ်ဂီကို ငါ့ကောင်ကြီးလို့ ခေါ်နေလဲ မသိတော့ပါ။
ဧကန္တ ဂျူဟျွန်းက ယောကျ်ားလေး ဖြစ်နေလို့များလား! ရုပ်ရှင်တွေထဲကလို မိန်းကလေးဟန်ဆောင် ကျောင်းတက်နေတဲ့ ကောင်လေးလား! သူက ဂျူဒိုလည်းတတ်တယ်လေ!
ခေါင်းအထက်မှာ ပညာရှိမီးလုံးလေး လင်းသွားပြီးတဲ့နောက် ဆူးလ်ဂီအမြန်ဆုံး ဂျူဟျွန်းမျက်နှာကို ကြည့်လိုက်တယ်။
"ဘာလား"
ဆူးလ်ဂီကို လန့်သွားတဲ့ ဂျူဟျွန်းရဲ့ မျက်လုံးတွေက ဝိုင်းစက်စက်နဲ့ တော်တော်ကို ကြည့်လို့ကောင်းသား။
YOU ARE READING
Dumb and Dumber
Fanfictionငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..