ဘဝက ဒီလိုပဲဆက်သွားပါတယ်။ အဆင်ပြေလိုက် အဆင်မပြေလိုက်နဲ့ ဘဝပေါင်းစုံက ဒီလိုပဲ ဆက်သွားနေကြရတာပဲလေ။ သူတို့ရဲ့ဘဝလည်း ထိုနည်းလည်းကောင်းပါပဲ ..။
ရန်ဖြစ်ကြတယ် ပြန်ချစ်ကြတယ်။ အတူတူရယ်မောပြီး တစ်ခါတစ်လေကျတော့ အတူတူ ငိုရင်းဝမ်းနည်းကြတယ်။ အဲ... ဘယ်လိုအခြေအနေမျိုးမှာ အတူငိုကြလဲဆိုတော့..
အင်္ဂလိပ်စာ စာမေးပွဲကို ဂျူဟျွန်း ကျမှန်း သိတဲ့အခါ ..၊ စားဖို့ဝယ်လာတဲ့ ရေခဲမုန့်ဘူးကြီးကို မတော်တဆ ဆူးလ်ဂီ လွတ်ကျသွားတဲ့အခါ ..၊ ဒါတွေအပြင် ..
တစ်ယောက်ယောက်က ဂျူဟျွန်းနဲ့ ဆူးလ်ဂီကြား ဝင်လာဖို့ကြိုးစားလို့ ရန်တွေဖြစ်လို့ရှိရင် မဝေးအောင် နှစ်ယောက်အတူတူ ပြန်ကြိုးစားရတဲ့အခါ ..၊
အင်း .. သူတို့ ဘဝတွေက ဒီလိုပဲဆက်သွားပါတယ်။
X
"ဆူးလ်ဂီ"
အိုခေ.. နာမည်ခေါ်တာကြောင့် ဖျတ်ခနဲလှမ်းကြည့်လျှင် မိမိကိုဓာတ်ပုံရိုက်ပေးဖို့ ဖုန်းကင်မရာ ဖွင့်ထားသည့် Wendy ကိုတွေ့ရသည်။ သို့သော်လည်း..
"ဆူးလ်ဂီကို ခေါ်တာ! Siri နင့်ကိုခေါ်တာ မဟုတ်ဘူး"
Apple Siri က ပေါ်ပေါ်လာတာကြောင့် ဓာတ်ပုံကို ကောင်းကောင်းရိုက်လို့မရ။ နောက်ဆုံးတော့ ဆူးလ်ဂီ ဓာတ်ပုံမရိုက်ဘဲ နေရာမှာပြန်ထိုင်နေရသည်။
အုပ်စုလိုက် ပန်းခြံကို အပျော်လာကြတာဖြစ်ပြီး Wendy က ဆူးလ်ဂီကို ဓာတ်ပုံလိုက်ရိုက်ပေးနေတုန်း ဂျူဟျွန်းနဲ့ အငယ်နှစ်ကောင်က စက်ဘီးသွားငှါးသည်။
"ကဲ..စက်ဘီးပတ်စီးရအောင် "
ဆူယောင်းအသံကျယ်ကို ကြားကြားချင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကပ်ပြီးကြည့်နေတဲ့ ဆူးလ်ဂီနဲ့ Wendy ခွာလိုက်ကြသည်။ ဂျူဟျွန်းက တစ်ချက်တော့ မျက်စောင်းထိုးကာ ဘာမှမပြော။
"ဂျူဟျွန်း စက်ဘီးစီးမယ်လေ"
"နင်း"
"ငါ မနင်းတတ်ဘူး"
"အဲ့တော့ မိန်းကလေးဖြစ်တဲ့ငါက နင်းရမှာလား"
ဂျူဟျွန်း ပြန်ပြောတဲ့စကားကြောင့် ဆူးလ်ဂီမှာ ကိုယ့်ကိုယ့်ကို တစ်ချက်ပြန်ငုံ့ကြည့်မိသည်။ သူတို့ပြောတာကို နားထောင်နေကြတဲ့ ကျန်သုံးကောင်ကလည်း ဆူးလ်ဂီ ကြည့်သလို လိုက်ကြည့်ကြလေသည်။
BINABASA MO ANG
Dumb and Dumber
Fanfictionငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..