"ဘာလဲ နင်အခု ငါ့ကိုအပြစ်လာတင်နေတာလား!! စကားရပ်ပြောမိတာနဲ့ ငါ့ကို ပြဿနာလာရှာနေတာလား!! "
"အေး! နင်စကားရပ်ပြောနေတာ နင့်ကိုကြိုက်နေမှန်း တစ်ကျောင်းလုံးကသိတဲ့ကောင်လေ! "
"နင်ငါ့ကို လာမအော်နဲ့ ဆူးလ်ဂီ! "
ကံကောင်းတာတစ်ခုက သူတို့ပြဿနာတက်တဲ့နေရာမှာ လူသိပ်မရှိ။ ရှိတဲ့လူတွေကတော့ ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသည်။ ဒါပေမယ့် ဒီအကြည့်တွေကို ဂရုစိုက်ဖို့လောက်အထိ သူတို့စိတ်တွေက ပုံမှန်ရှိမနေ။
ဒေါသကြောင့် ဆူးလ်ဂီမျက်နှာက ရဲနေသလို ဂျူဟျွန်းကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တကယ်တော့ ဒီပြဿနာရဲ့တရားခံမှာ ဆူးလ်ဂီ သဘောမကျခဲ့သော ပရော်ဖက်ဆာထံမှဖြစ်သည်။
ဆူးလ်ဂီမှာ ထိုပရော်ဖက်ဆာအတွက် ဘာဂုဏ်ကျေးဇူးမှ တင်ချင်စိတ်မရှိ။ အထူးသဖြင့် တစ်ပတ်မှာသုံးရက်လောက် ဂျူဟျွန်းကို စကားပြောပြီးတဲ့နောက်။
အမှိုက်ပစ်တဲ့ကိစ္စကစပြီး ကော်ရစ်ဒါမှာတွေ့တာပဲဖြစ်ဖြစ် ကန်တင်းမှာတွေ့တာပဲဖြစ်ဖြစ် ကျောင်းအဝမှတွေ့ရင်တောင် ထိုပရော်ဖက်ဆာက နှုတ်ဆက်သလိုလိုနဲ့ ဂျူဟျွန်းကို စကားလာလာပြောတာကို ဆူးလ်ဂီမကြိုက်ပါ။
မိမိက သဝန်တိုတတ်လွန်းသော ချစ်သူအမျိုးအစားမှန်း ထိုအချိန်တွင် နားလည်ခဲ့ရသည်။
"အဲ့ဒါဘုရားစူး ပရော်ဖက်ဆာ ဆူးလ်ဂီ"
ဆံပင်တွေကို စိတ်ရှုပ်လက်ရှုပ်နဲ့ အနောက်သို့သပ်တင်ရင်း သူသဘောပေါက်အောင် ဂျူဟျွန်း ရှင်းပြမိသည်။ ပရော်ဖက်ဆာနဲ့ ကျောင်းသူဆိုတာ ငရဲမှာတောင် အထင်မလွဲကောင်း။
"အဲ့ဒါ သူနင့်ကိုကြိုက်လို့မရဘူးလို့ ဆိုလိုတာမဟုတ်ဘူး"
"ဆူးလ်ဂီ! နင်ဘာဖြစ်နေတာလဲ! ငါ့ကိုမယုံတာလား! "
ဒီတစ်ကြိမ်တော့ ဂျူဟျွန်း ပေါက်ကွဲလေပြီ။ ဆူးလ်ဂီစကားတွေကို နားထောင်ရင်း နားထောင်ရင်းနဲ့ မိမိအချစ်ကို သူ မယုံကြည်လာသလို ခံစားရသည်။
BINABASA MO ANG
Dumb and Dumber
Fanfictionငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..