Eighteen

4.1K 554 38
                                    

ရန်ဖြစ်ပြီးကတည်းက ဆူးလ်ဂီလာချော့မယ်အထင်နဲ့ ဂျူဟျွန်းတစ်ယောက် လုံးဝကျောင်းမသွားပါ။ အခန်းအောင်းပြီး လွန်များလွန်သွားလားဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ့်ကို ညှင်းဆဲနေတယ်။

ကုတင်ပေါ်ကနေတောင်မထ ရေလည်းမချိုး။ မဖြစ်မနေ ကိစ္စတွေမှသာ ကျောနဲ့အိပ်ရာ ခွာတော့တယ်။

အစပထမတော့ ဂျူဟျွန်းမေမေက လူငယ်တွေကိစ္စလို့ သတ်မှတ်ပြီးလွှတ်ထားပေမယ့် သမီးဖြစ်သူရဲ့ဒီဇိုင်းက ပိုပိုပြီးဆိုးရွားလာတာမို့ ဆုံးမဖို့အတွက် အခန်းထဲကို ဝင်လာလေသည်။

"ဟဲ့ သမီး အခန်းလေးဘာလေးရှင်းပါဟဲ့"

အဝတ်အစားတွေ၊ အရုပ်တွေ၊ ကျောင်းစာအုပ်တွေနဲ့ လွယ်အိတ်ကအစ ကြမ်းပြင်ပေါ်မှာရှိနေပြီး ဂျူဟျွန်း ကိုယ်တိုင်ကတော့ အိပ်ရာပေါ်မှာ ပက်လက်ကြီးလန်ကာ မျက်နှာကျက်မှာ ရွှေတွေကပ်နေတဲ့အလား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတယ်။

"ဘယ်ဂျူဟျွန်းရေ နင့်အမေ ငါပြောနေတာကိုလည်း နည်းနည်းပါးပါး အဖက်လုပ်ဦး "

ဒုတိယမြောက် အမေ့ရဲ့ခပ်စွာစွာအသံကို ကြားတော့မှ မျက်နှာကျက်ကနေ မျက်လုံးခွာပြီး အမေ့ကို ဘုကန့်လန့် ကြည့်ရင်း ဂျူဟျွန်းပြန်ဖြေသည်။

"အမေကလည်း သမီးအခန်းရှင်းထားတယ်လေ"

"ဟဲ့ အဲ့ဒါဆိုကြမ်းပြင်ပေါ်ကဟာတွေက ဘာတွေမို့လို့လဲ"

"မြေဆွဲအားလေ! ကမ္ဘာ့မြေဆွဲအား! Gravity အဲ့ဒါကြောင့် သမီးရှင်းထားသမျှက ကြမ်းပြင်ပေါ်မှာ သွားကပ်နေတာ"

နည်းနည်းလေးမှ သင့်လျော်မှုမရှိတဲ့ ဆင်ခြေကို ဂျူဟျွန်း ပေးလိုက်တော့ ရှုပ်ပွနေသမျှပစ္စည်းတွေကို မနင်းမိအောင်ဖယ်ရင်း ကုတင်နားကိုအရောက်လာသည်

"ဒီဆန်ကုန်မြေလေး ရည်းစားပူမိနေတဲ့ဟာမကတော့! "

လက်တရွယ်ရွယ်နဲ့ ဂျူဟျွန်းအနားကို ရောက်လာပြီး ရတဲ့နေရာကို ရိုက်မယ့်ပုံပေါ်နေတာကြောင့် အခန်းပြင်ကိုပဲ ထွက်ပြေးရမလား၊ ငြိမ်ငြိမ်လေးပဲ စောင်ခြုံပြီး အရိုက်ခံလိုက်ရမလားလို့ တွေးမိတယ်။

Dumb and DumberNơi câu chuyện tồn tại. Hãy khám phá bây giờ