"ဗိုက်ဆာတယ်"
"သေပါ့လား"
ဂျူဟျွန်းကို ဆူးလ်ဂီမျက်စောင်းထိုးမိသည်။ ဒင်းကြောင့် အခုလိုနေနေရတာကို သေပါ့လားလို့ ပါးစပ်က
ပြောထွက်သေးတယ်။
ခြေထောက်ကနေ ဇောက်ထိုးဆွဲပြီး တစ်ကိုယ်လုံးကို ရေခဲရိုက်ပစ်ထားလိုက်ချင်တယ်။
ဗိုက်ထဲက တဂွီဂွီမြည်နေသ၍တော့ ဆူးလ်ဂီက ဂျူဟျွန်းကို အပြစ်တင်နေဦးမှာပဲ။ ဒါပေမယ့်လည်း ဂျူဟျွန်းက ခေါင်းကိုကိုင်ပြီး တစ်ခုခုကို စဉ်းစားနေတဲ့ပုံပေါ်တာမို့လို့ ပြဿနာထပ်မရှာဘဲ ဆူးလ်ဂီမေးလိုက်တယ်
"ဂျူဟျွန်း ဘာစဉ်းစားနေတာလဲ"
"ဘာစဉ်းစားရမှာလဲ ခေါင်းကိုက်လို့ငြိမ်နေတာ"
"ဟိုနှစ်ယောက် တိုးတိုးလုပ်မနေနဲ့! "
ခပ်လှမ်းလှမ်းမှာထိုင်ပြီးတော့ ကြက်ကြော်စားနေတဲ့ လူမိုက်နှစ်ယောက်က သူတို့ကိုလှမ်းဟောက်တယ်။ခေါင်းကိုက်နေတဲ့ ဂျူဟျွန်းက စိတ်မကြည်ဘဲ ပြန်အော်ဖို့လုပ်နေတာကြောင့် ဆူးလ်ဂီမှာသူ့ပါးစပ်ကို အမြန်လက်နဲ့ပိတ်လိုက်ရတယ်။
"ဘာမှမပြောနဲ့ အခုတောင်ဒီအခြေအနေရောက်နေတာ"
သူတို့ဘယ်မှာလဲ ဘယ်ရောက်နေတာလဲ မသိ။ နိုင်ငံထဲမှာပဲရှိသေးတာတော့ သေချာတယ်။ ကောက်ရိုးတွေရှိနေပုံအရဆိုရင် ဒါကတင်းကုပ်လား၊ အဲ့လိုဆိုရင် မြို့အစွန် ဒါမှမဟုတ် မြို့ပြင်မှာလား။
ဘဝမယ် ခေါင်းကိုသေသေချာချာ အသုံးပြုဖူးခြင်းဖြစ်ပြီး တိကျတဲ့အဖြေကို ဆူးလ်ဂီမရ။ ဂျူဟျွန်းက ဆံပင်ခရမ်းရောင်တွေကို နားရွက်နောက်ကြားထဲထည့်ပြီး သက်ပြင်းချရင်း ဆူးလ်ဂီအနားကို ပိုတိုးလာတယ်။
"ငါတို့နိုင်ငံခြားမှာမဟုတ်တာတော့ သေချာတယ် ဆူးလ်ဂီ"
"အဲ့ဒါတော့ ငါလည်းသိတယ်"
"ဒီကနေ ဘယ်လိုထွက်ကြမလဲ"
"နင့်ဦးဏှောက်ကိုသုံးလေ "
"ဂန်ဆူးလ်ဂီ"
"ဘယ်ဂျူဟျွန်း"
'ဂွီ~~'
ခပ်တည်တည်နဲ့ ဗိုက်ထဲကမြည်သံဟာ ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်ဘဲ အသံကျယ်ကျယ်ထွက်လာတယ်။
"ကောက်ရိုးစား"
"ငါ့ကိုနွားများထင်နေလား"
"နွားက ကောက်ရိုးစားတာလား"
"ဘာလို့လဲ ဟမ်ဘာဂါစားတယ်ထင်လို့လား"
ဆူးလ်ဂီ ရွဲ့ပြီးပြန်မေးတော့ ဂျူဟျွန်းက ခေါင်းကို ဒေါက်ခနဲခေါက်ချတယ်။ ရန်ဖြစ်နေရင် အပိုပဲမို့လို့ ငြိမ်နေလိုက်ပြီး ဂျူဟျွန်းပြောသလို ဘယ်လိုနည်းနဲ့ ဒီကထွက်ရမလဲလို့ စဉ်းစားရတယ်။
"ငါတို့ ဒီရောက်တာ ကြာပြီလား"
"ငါးနာရီလောက်တော့ရှိမယ်ထင်တာပဲ"
ဂျူဟျွန်းက အခြေအနေကို ထပ်ခါထပ်ခါပြန်ကြည့်သည်။ ဒီနောက် ဆူးလ်ဂီဘက်ကိုလှည့်ပြီး မေးပြန်သည်။
"အဲ့ဒါ ငါတို့ချခဲ့တဲ့လူတွေပဲလား"
"နင်မမှတ်မိဘူးလား"
"ဆူးလ်ဂီ ငါမူးနေတာလေ"
"ဟုတ်တယ် အဲ့လူတွေပဲ"
"ငါတို့ဖုန်းတွေရော"
"သူတို့ဆီမှာ ဟိုမှာတွေ့လား ကြက်ကြော်ခြင်းဘေးမှာ"
ဂျူဟျွန်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ ဆူးလ်ဂီအဖြေကို နားထောင်နေပြီးတော့ ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။
"ဆူးလ်ဂီ နင်အပြေးသန်လား"
"ထင်တာပဲ "
"ငါပြောပြမယ်"
ဂျူဟျွန်းရဲ့အကြံက ရုပ်ရှင်ကားတွေထဲကလိုမျိုး။ အပေါ့သွားချင်လို့ဆိုပြီး အပြင်ကိုရအောင်ထွက်မည်။ ပြီးရင် ပြေးပေါ့..။
ဆူးလ်ဂီလက်မခံနိုင်ပါ။
"ဂျူဟျွန်း ငါပြေးပါပြီတဲ့ နင်ကဘယ်လိုလုပ်မလဲ"
ဒီတစ်ခါတော့ ဂျူဟျွန်းက ပြုံးပြသည်။ သူပြုံးတာကိုကြည့်ပြီး ဆူးလ်ဂီမှာလိုက်မပြုံးနိုင်ဘဲ ပိုပြီးတော့ စိတ်ပူလာရတာပဲရှိတယ်။
"နင်လုံခြုံတယ်ဆိုရင် ပြီးပြီပေါ့ ဆူးလ်ဂီရယ်"
YOU ARE READING
Dumb and Dumber
Fanfictionငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..