"ဂန်ဆူးလ်ဂီ ဘာတွေပြုံးနေတာလဲ"
အသံတိုးတိုးကို မသဲမကွဲကြားနေရသည်။ အသံက ရင်းနှီးသလိုလို မရင်းနှီးသလိုလိုနဲ့ နားထဲမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည်။
"ဟဲ့!! ဂန်ဆူးလ်ဂီ!! "
"အား! "
နားရွက်နားမှာ အားရပါးရအော်ခံလိုက်ရတာကြောင့် ဆူးလ်ဂီ ကြောက်လန့်ပြီး အော်ဟစ်ရင်း ငုတ်တုတ်လေး ထိုင်လိုက်မိတယ်။ ပတ်ဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ မိမိအခန်းမှန်း သိလိုက်ရပြီး အသံပိုင်ရှင်ကို ရှာတဲ့အခါမှာတော့ ဘေးက ဂျူဟျွန်းဖြစ်ကြောင်း သိလိုက်ရသည်။
"ဘာလို့အော်နေတာလဲ!! "
"နင်ကဘာလို့ အော်တာလဲ!! "
"နင်အော်လို့ ငါအော်နေတာလေ!! "
"ငါကနင်အော်အောင် အော်တာလေ!! "
"နင်အော်လို့ ငါအော်နေပြီလေ!! "
စကားပြောနေတာမဟုတ်ဘဲ နီးနီးလေးရှိနေပါလျက် တစ်ယောက်နဲ့တစ်ယောက် အသားကုန်အော်နေကြတာ။ ဆူးလ်ဂီက ဂျူဟျွန်းကိုအော်သည်။ ဂျူဟျွန်းက ဆူးလ်ဂီအော်လို့ ပြန်အော်သည်။ ဘေးခန်းတွေ ကြားနေလောက်ပြီလား မသိပါ။
"ထတော့ဟာ ငါဗိုက်ဆာနေပြီ"
ဂျူဟျွန်းက မတ်တပ်ရပ်လိုက်ပြီး ပြောတဲ့အခါ ဆူးလ်ဂီ ကိုယ့်နားကိုယ် မယုံနိုင်။
"နင် ခေါက်ဆွဲနှစ်ဗူးတောင် စားထားတာလေ"
"ဘာခေါက်ဆွဲနှစ်ဗူးလဲ ဘာမှမစားရသေးဘူး ငါရေချိုးနေတုန်း နင်အိပ်ပျော်နေပြီးတော့ "
ဘုရား.. ဘုရား ဒါတကယ်ပဲလား! ဒါဆိုရင် အကုန်လုံးက ဆူးလ်ဂီ အိမ်မက်မက်နေတာလား! သူနဲ့ ဂျူဟျွန်း ရည်းစားတွေမဟုတ်သေးဘူးပေါ့။
မဟုတ်ဘူး..။ သူတို့ကရည်းစားဖြစ်နေပြီပဲ။ ဒါပေမယ့် ရည်းစားဖြစ်ဖို့ လိုသေးတယ်လေ။
"ငါ..ငါအိပ်ပျော်သွားတာလား"
"အသေကောင်အတိုင်းပဲ"
YOU ARE READING
Dumb and Dumber
Fanfictionငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် .. ငတုံးနဲ့ ငကြောင်တို့ တွေ့ကြရာဝယ် ..