Eleven

4.7K 598 49
                                    

"အောက်နှုတ်ခမ်းကို အဲ့လိုဖိမကိုက်နဲ့"

ဂျူဟျွန်း တားသည်။

"နှုတ်ခမ်းနှစ်ခုကို အဲ့လိုပုံစံမျိုးမပိတ်ထားနဲ့"

နှုတ်ခမ်းသားတွေကို အတွင်းဘက်ပြန်လိပ်ပြီး ပါးစပ်ပိတ် နေမိပြန်တော့လည်း ဂျူဟျွန်းက ဆူပြန်သည်။

"အဲ့လို အိပ်ချင်မူးတူးရုပ်မလုပ်နဲ့"

"အဲ့လို မစားနဲ့"

"အဲ့လို မပြုံးပြနဲ့"

"အဲ့လို ရီမနေနဲ့"

"အဲ့ဦးထုပ်မဆောင်းနဲ့"

"အဲ့လို ဘာမှန်းမသိတဲ့ ငတုံးရုပ်မျိုး မလုပ်နဲ့"

"အဲ့လို ခပ်တည်တည်မနေနဲ့"

'အဲ့လို'ပေါင်းများစွာကနေ စလာလိုက်တာ ဆူးလ်ဂီကို 'အဲ့လိုလမ်းမလျှောက်နဲ့' 'အဲ့လိုမျက်လုံးပင့်မကြည့်နဲ့' ဆိုတာတွေအထိ ဖြစ်လာတော့ အဆင်မပြေ။

ဆူးလ်ဂီ ကိုယ်ခန္ဓာပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ဂျူဟျွန်း အတွက် အဆင်မပြေတာရှိလားလို့ မေးဖို့လိုအပ်လာတယ်။

သူက ဆူးလ်ဂီကို စေ့စေ့မကြည့်ဘဲ မျက်လုံးချင်းဆုံပြီဆိုတာနဲ့ မကြိုက်တဲ့အချက်တွေ စပြောတော့တာပဲ။ တစ်ချို့အရာတွေက ပြောင်းသွားတာမှန်တယ်။
ဒါပေမယ့် ရီတာမျိုး ပြုံးတာမျိုး အစားစားပုံမျိုးတွေက ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားတိုင်း လိုက်ပြောင်းလဲသွားတာမှ မဟုတ်တာ။

ဆိုတော့ ဂျူဟျွန်းနဲ့ စကားပြောဖို့အတွက် ဆူးလ်ဂီ လိုအပ်လာပြီ။

"ဂျူဟျွန်း"

သူအတန်းဆင်းဆင်းချင်း သွားစောင့်ထားတာမို့ ထွက်လာတာနဲ့ကွက်တိ မျက်နှာချင်းဆိုင်ပြီးသား။

ဆူးလ်ဂီ တွေ့သားပဲ။ အထီးကောင်တွေ ဂျူဟျွန်း ကို ငေးနေကြတာ။ ဂျူဟျွန်း အပြစ်ရယ်တော့ မဟုတ်ပါဘူး.. သူကလှတယ်လေ ရိုးရိုးလှတာတောင်မဟုတ်၊ စောက်ရမ်းလှတာ။

သဘောပေါက်လားမသိ။ စောက်ရမ်းကို လှတာ။

"ဆူးလ်ဂီ ဒီမှာဘာလို့စောင့်နေတာလဲ"

အခုအချိန်ထိ တစ်ချို့တွေက ကွက်ကြည့်ကွက်ကြည့်နဲ့ လုပ်သွားကြဆဲ။ တစ်ချို့ဆိုရင် သူတို့ကဘာလားဆိုပြီး လေသံတိုးတိုးနဲ့ ပြောသွားတာ ဆူးလ်ဂီ ကြားသားပဲ။

မနာလိုတာလေ .. မနာလိုတာ။ ဘဝဆက်တိုင်း အရပ်ပုမယ့်လူစားတွေ။ ဂျူဟျွန်း မပါဘူး။

ဆူးလ်ဂီနေရာကို လူတိုင်းဝင်လို့မရဘူး။ ဂျူဟျွန်းရည်းစားအဖြစ် နေနိုင်ဖို့ဆိုတာ ကုမ္ပဏီအလုပ်လို တာဝန်ကျေရုံနဲ့ ပြီးသွားတာမျိုးမဟုတ်။

သူ့ခေါင်းထဲမှာ ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ မေးခွန်းပေါင်း တစ်သောင်းခြောက်ထောင်လောက်ကို ပြန်ဖြေရင်ဖြေ မဖြေရင် မေးခွန်းပြန်ထုတ်တတ်ရမယ်။

Dumb and DumberWhere stories live. Discover now