172 4 0
                                    


လေယာဉ်​​ပေါ်သို့ မတက်​မီ အချိန်​အထိ ​မေ့ စိတ်​​တွေ မပြတ်​မသားနှင့်​ ချီတုံချတုံ ဖြစ်​​နေမိသည်​။ ​မေ မြန်​မာပြည်​ကို ပြန်​တယ်​ဆိုတာ မှန်​ကန်​​သော လုပ်​ရပ်​ဖြစ်​ရဲ့လား...မြန်​မာပြည်​က​နေ ​မေ ပြန်​လာသည့်​အချိန်​တွင်​ ​မေ့ အတွက်​ မျှတမှု​ဆိုသည့်​အရာ ကျန်​ရှိနိုင်​ပါ့မလား...​မောင့်​ အ​ပေါ် ​မေ့ရဲ့ ဆက်​ဆံမှု​တွေက အက်​​ကြောင်း​တွေ ထင်​လာလိမ့်​မလား...ဤသို့​သော လား ​ပေါင်းများစွာက ​မေ့ ဦး​ခေါင်းအတွင်းသို့ အစီအရီ ဝင်​​ရောက်​လာခဲ့သည်​။

သို့​သော်​လည်း ​မောင့်​အ​ကြောင်း​တွေးလိုက်​သည်​နှင့်​ တစ်​ပြိုင်​နက်​ ​မေ့ အတွက်​ မတရားမှု ဟူသည်​ မရှိနိုင်​​တော့....​မောင်​ သာ ပြန်​လည်​နိုးထခွင့်​ရခဲ့မည်​ဆိုလျှင်​ ​မေ အရာရာကို လက်​သင့်​ခံနိုင်​​အောင်​ ကြိုးစားသည်းခံလိမ့်​မည်​သာ...​မောင့်​အတွက်​....​မေ့ ရင်​နှင့်​အမျှ ချစ်​မြတ်​နိုးရသည့်​ ​မောင့်​အတွက်​....

မောင့်​အတွက်​ ဟူ၍သာ နှလုံးသွင်းရင်း ​မေ ​လေယာဉ်​​ပေါ်သို့ တက်​ခဲ့လိုက်​သည်​။၇၂ နာရီ​ကျော်​ကြာ စီးနင်းလိုက်​ပါခဲ့​သော ​လေ​ကြောင်းခရီးစဉ်​သည်​ များမကြာမီ အချိန်​တွင်​ပင်​ ပြီးဆုံး​တော့မည်​ဖြစ်​သည်​။ ဘန်​​ကောက်​မှတစ်​ဆင့်​ မြန်​မာပြည်​နယ်​နိမိတ်​အတွင်းသို့ ဝင်​​ရောက်​လာသည့်​အချိန်​မှစ၍ ​မေ့ စိတ်​ထဲတွင်​ ခံစားချက်​တစ်​မျိုးတစ်​မည်​ကို အမည်​မတပ်​နိုင်​ပဲ ခံစား​နေရ​လေသည်​။ ဤအရာသည်​ကား ​ပျော်​ရွှင်​ခြင်းလား၊ စိုးရိမ်​ပူပန်​ခြင်းလား ​မေ မ​ဝေခွဲတတ်​ပေ...

မကြာမီအချိန်​တွင်​ ​လေယာဉ်​ဆင်းသက်​​တော့မည့်​အ​ကြောင်းကို ​လေယာဉ်​မယ်​​လေးမှ အသိ​ပေး​ကြေညာလိုက်​ချိန်​တွင်​ ​မေ့ အ​တွေးတို့ကို ​ဖျောက်​ဖျက်​ပစ်​လိုက်​သည်​။ ​မောင့်​အတွက်​ ​မေ အ​ကောင်းဆုံး လုပ်​​ဆောင်​မည်​ ဟူ၍လည်း စိတ်​ကို အားတင်းယူလိုက်​သည်​။မောင့်​အတွက်​ ​မေ ကြံစည်​သမျှ ​အောင်​မြင်​ရမည်​သာ...

မေ တည်းမည့်​ဟိုတယ်​ကို ​​သေချာစွာ ရှာ​ဖွေဖြစ်​သည်​။ ​မေ့ မိဘ ​ဆွေမျိုး အသိုင်းအဝိုင်း၏ ​လောင်းရိပ်​မှ ကင်း​ဝေး​သော ​နေရာမျိုးကို ဂရုစိုက်​၍ ​ရွေးရသည်​။ ​မေ ယခုတစ်​​ခေါက်​ မြန်​မာပြည်​သို့ ပြန်​လာဖြစ်​သည့်​ အ​ကြောင်းအား ​မေ့ အသိုင်းအဝိုင်းမှ  မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှ မသိ​​စေလို၍ ဖြစ်​သည်​။ ထို့ပြင်​ ​မေ မြန်​မာပြည်​သို့ ပြန်​လာဖြစ်​သည့်​ အ​ကြောင်းအားလည်း ​မေ့ မိဘ နှစ်​ပါးတို့ သိ၍ မဖြစ်​​သော​ကြောင့်​....

နားစွင့်​ ကြားဟန်​ ရင်​ခုန်​သံWhere stories live. Discover now