86 3 0
                                    

မနက်​ခင်း ​ရေမိုးချိုး၊ ထမင်းစားပြီး​နောက်​ ​ ​မောင်​တို့အလုပ်​သင်​ဘဝက ​နေခဲ့​သော အိမ်​အား လာ​ရောက်​ကာ ရှာ​ဖွေမိခြင်း....​ယောကျာ်း​လေးများ စု​နေသည့်​အိမ်​ဖြစ်​သည့်​အတွက်​ မိန်းက​လေးတစ်​​ယောက်​ အလည်​လာရန်​ မသင့်​​တော်​ဟူ​သော လွန်​ခဲ့​သော နှစ်​နှစ်​ခန့်​က ​မောင်​၏ ဆိုဆုံးမစကားအရ ဟိုတယ်​မှ စီစဉ်​​ပေးထား​သော ယာဉ်​​မောင်း ဦး​လေးကြီးအား ​မောင်​တို့ ​နေထိုင်​ခဲ့​သော အိမ်​သို့ သွား​ရောက်​ စုံစမ်းခိုင်းရ​လေသည်​။

နှစ်​နှစ်​​ကျော်​ဟူ​သော အချိန်​သည်​ အရာရာကို ​ပြောင်းလဲ​စေနိုင်​စွမ်းရှိသဖြင့်​လည်း ကားထဲတွင်​ ထိုင်​၍ ​စောင့်​​နေရင်းကပင်​ ဖြစ်​နိုင်​​ချေရှိသမျှတို့ကို ​တွေးဆ​နေမိသည်​။ အကယ်​၍ ​မောင်​၏ သူငယ်​ချင်းတစ်​စုသာ ဤအိမ်​တွင်​မ​နေပဲ ​နေရာ​ရွှေ့သွားခဲ့လျှင်​....​မေ မည်​သို့ ​ဆောင်​ရွက်​ရအံ့နည်း...​မောင့်​ သားငယ်​နှင့်​ ပက်​သတ်​သည့်​အ​ကြောင်းအရာများအား ​မေ နကန်းတစ်​လုံးပင်​မသိ....​မောင့်​သူငယ်​ချင်း​တွေ​တော့ သိ​နေနိုင်​သည်​ဟူ​သော ​မျှော်​လင့်​ချက်​ဖြင့်​သာ မြန်​မာပြည်​သို့ ​မေ လာ​ရောက်​မိခြင်း....​မေ့အ​တွေး မဆုံးနိုင်​ခင်​တွင်​ပင်​ ကားဆရာ ဦး​လေးကြီးသည်​ ကားအတွင်းသို့ ဝင်​​ရောက်​​နေရာယူလိုက်​ရင်း ​မေ ကြားလို​သောစကားများကို ဆိုလာပါ၏။

"သမီး​ရေ....သမီး​ပြောတဲ့ အိမ်​က အရင်​လူ​တွေ မ​နေ​တော့ဘူး။ အိမ်​ပြန်​အပ်​သွားတာကြာပြီတဲ့....​နောက်​ထပ်​လူသစ်​​တွေကို ပြန်​ငှါးထားတာ​တောင်​ တစ်​နှစ်​​ကျော်​​လောက်​ ရှိပြီဆိုပဲ သမီးရဲ့..."

ကားဆရာ ဦး​လေးကြီး၏ စကားကို ကြားသည်​နှင့်​ ​မေ့ ​မျှော်​လင့်​ချက်​အစုံသည်​ ​ရေစုန်​သို့ ​မျောသွားသလိုသာ ​မေ ခံစားလိုက်​ရသည်​။ လွန်​ခဲ့​သော နှစ်​နှစ်​က ​မောင်​၏ သူငယ်​ချင်းတို့်အား ​မေ မည်​သို့ရှာ​ဖွေရမည်​နည်း။ ရန်​ကုန်​​မြေတစ်​ခုလုံးကို ​မြေလှန်​၍ ရှာမည်​ဆိုလျှင်​​တောင်​ ​မေ တစ်​​ယောက်​တည်းအင်​အားနှင့်​ မဖြစ်​နိုင်​။ ထိုအခါတွင်​ ​မေ့ အသိုင်းအဝိုင်းတစ်​ခုလုံး ​မေ ရန်​ကုန်​​ရောက်​​နေသည်​ကို သိသွား​ပေလိမ့်​မည်​။ ထိုအဖြစ်​အပျက်​မျိုး ဖြစ်​လာ၍ မဖြစ်​....​မေ အတန်​ကြာ စဉ်းစား​သော်​လည်း အ​ဖြေ မထွက်​သည်​မို့ ကားသမား ဦး​လေးကြီးအား ဟိုတယ်​သို့ ပြန်​ပို့ရန်​သာ ​ပြောလိုက်​ရသည်​။

နားစွင့်​ ကြားဟန်​ ရင်​ခုန်​သံWhere stories live. Discover now