"မေ....ထတော့။ သတိထားဦးလေ....မေ...မေ..."
မေ့ပခုံးကို ခပ်ဖွဖွကိုင်ရင်း လှုပ်နှိုးလာသူကို ကြည့်လိုက်တော့ စိုးရိမ်တကြီး ကြည့်နေသည့် ဇေယျကို တွေ့လိုက်ရသည်။
ဘားထဲတွင် မေ အမူးလွန်ကာ သောင်းကျန်းနေ၍ အလျင်အမြန်လာခေါ်ပေးပါရန် bartender လက်ထဲအား ဖုန်းကို ထည့်ပေး၍ ဇေယျထံ ဖုန်းဆက်စေခဲ့ခြင်း....
"အွန်း...ဇေ..ယျ...မြန်သားပဲ။ ရောက်...လာ...ပြီလား...ထိုင်...ဦးလေ"
ဘားကောင်တာပေါ်တွင် ခေါင်းမှောက်နေခဲ့ရာမှ ဇေယျဘက်သို့ ခေါင်းထောင်ကြည့်ကာ အာလေးလျှာလေးဖြင့် စကားပြောရင်း ဘေးခုံတွင် ထိုင်ရန် မေ မေးငေါ့ပြလိုက်သည်။
"ပြန်ကြစို့....နင် တော်တော် မူးနေပြီ"
လက်မောင်းရင်းမှ ကိုင်ကာ တွဲထူလာသော ဇေယျလက်ထဲမှ ရုန်းကန်ထွက်လိုက်ပြီး လက်ညှိုးတစ်ချောင်းထောင်ကာ ဘယ်၊ညာရမ်းပြရင်း မေ ငြင်းလိုက်မိသည်။
"နိုး...နိုး...နိုး...နိုး...ငါ လုံးဝ မမူးသေးဘူး..."
"နင် ဘားရောက်နေတာကို လွင်ပြင်သိသွားရင် ပြဿနာတက်လိမ့်မယ်။ ပြန်ကြပါစို့ဟာ..."
ကလေးတွေကို အပျော့ဆွဲချော့မြှူသလို မောင့်နာမည်ကို သုံးပြီး ဇေယျ ခေါ်ငင်လာပေမယ့် မေ ခေါင်းယမ်းပြမိသည်။
"မောင်သာ သိသွားရင် ငါ့ကို စိတ်ဆိုးနေတော့မှာပဲနော။...ဒါပေမယ့်လေ...ဒါပေမယ့် သိလား။ငါ မူးမှ ဖြစ်မှာ...မောင် မကြိုက်မှန်းသိပေမယ့်...ငါ ဒီနေ့မူးအောင် သောက်ရမှာ ...
ဒီရင်ဘတ်ကြီးက သေလောက်အောင် နာနေတာဟ...အရက်မူးရင် နာမှန်း မသိသာတော့ဘူးမလား...မဟုတ်ရင် ငါ သေသွားလိမ့်မယ်ထင်တယ်..."
ရင်ဘတ်ကို တဒုန်းဒုန်းထုရင်း မျက်ရည်များကြားမှ မေ ပြောမိတော့ ဂရုဏာသက်သည့်အကြည့်မျိုးဖြင့် မေ့ကိုကြည့်ရင်း ဘေးခုံတွင် ဇေယျ ဝင်ထိုင်လာလေသည်။

YOU ARE READING
နားစွင့် ကြားဟန် ရင်ခုန်သံ
Rastgeleမြတ်နိုးမှုဆိုတာ စကားလုံးတွေသုံးပြီး ပြောပြဖို့ မလိုအပ်ဘူးလို့ ယုံကြည်ထားတဲ့ မောင့်နှလုံးသားရဲ့ တီးတိုး စကားဆိုသံကို နားဆင်ခဲ့မိရင်....