၁၀

33 1 0
                                    

အငိုလွန်​ပြီး မည်​သည့်​အချိန်​ကတည်းကပင်​ အိပ်​​ပျော်​သွားသည်​ကို ​မေ မသိ​ပေမယ့်​ ​မေ နိုးလာသည့်​အချိန်​တွင်​​တော့ နံရံ​ပေါ်မှ နာရီ​လေးသည်​ ည ရှစ်နာရီခွဲ ​ဟူ​သော အချိန်​အား တိတိပပညွှန်​ပြလျက်​ရှိ​နေ​ပေသည်​။ စိတ်​တိုင်းကျ ငို​ကြွေးခွင့်​ရခဲ့၍လားမသိ ​အိပ်​ရာမှ နိုးလာသည့်​အချိန်​တွင်​​တော့ ​မေ့စိတ်​အစဉ်​သည်​ အနည်းငယ်​ တည်​ငြိမ်​စပြုလာပြီဖြစ်​သည်​။

ကနဦးအစကတည်းကတိုင်​ ​မောင်​သာ ​မေ့အနားရှိ​နေနိုင်​လျှင်​ အရာရာပြည့်​စုံ​ပါတယ်​ ဟူ​သော စွဲလမ်းမှု၏ ​နောက်​ကွယ်​တွင်​ တစ်​​နေ့​နေ့​တော့ ​မေ့ အ​ပေါ်တွင်​ ​မောင်​ စိတ်​လည်​လာနိုင်​ပါတယ်​ ဟူ​သော ​မျှော်​လင့်​ချက်​ ​ရေး​ရေး​လေးကိုလည်း ​မေ့ မသိစိတ်​ထဲမှ ​ထားရှိခဲ့မိဖူး​လေသည်​။ထို့​ကြောင့်​ ​မောင့်​စိတ်​ထဲတွင်​ ​ရှိ​နေသူသည်​ ​မေ မဟုတ်​မှန်း ကြိုတင်​သိထားပြီး ဖြစ်ေ​နခဲ့​ပေမယ့်​လည်း၊ ​မောင်​ အ​လေးထားသည့်​သူမှာ ​ဇေယျ ဖြစ်​နိုင်​​လောက်​တယ်​ဟူ​သော မှန်းဆချက်​ဖြင့်​ ကြုံ​တွေ့လာသမျှကို လက်​သင့်​ခံနိုင်​ပါရန်​ ​မေ့စိတ်​ကို ကြိုတင်​ပြင်​ဆင်​ထားခဲ့​ပေမယ့်​လည်း ​မောင်​ မြတ်​နိုးရသည့်​သူကို မျက်​မြင်​ဒိဌ​တွ့လိုက်​ရသည့်​အချိန်​တွင်​​တော့ ​မေ့ ယုံကြည်​ချက်​အစုစုတို့သည်​ စတင်​ယိမ်းယိုင်​လာခဲ့ရ​တော့သည်​။

မောင်​ မြတ်​နိုးရသည့်​သူက ​ဇေယျဖြစ်​​နေခဲ့ပါလျှင်​ ​မောင့်​​ဘေးနားတွင်​ မသိချင်​​ယောင်​​ဆောင်​ကာ ဆက်​လက်​၍ ကပ်​တွယ်​​နေနိုင်​မည်​ဟု ​မေ ယုံကြည်​ထားခဲ့ဖူးသည်​။ သို့​သော်​ ​မောင်​မြတ်​နိုးရသည့်​သူက ​ဇေယျ မဟုတ်​ခဲ့​တော့ ​မောင့်​​ဘေးနားတွင်​ အရင်​လို ​နေနိုင်​ခွင့်​ ရနိုင်​ဖို့က မ​သေချာ​တော့သလို ​မေ ခံစားလာရ​လေသည်​။ အချိန်​ယူကာ ​မေ တည်​​ဆောက်​ခဲ့ရ​သော ​မျှော်​လင့်​ချက်​အစုံစုံသည်​ ​လေတစ်​ချက်​အ​ဝှေ့တွင်​ပင်​ သဲအိမ်​ငယ်​ကဲ့သို့ ပြိုကျပျက်​စီးရ​တော့မည့်​ အ​နေအထားတွင်​ ​ရောက်​ရှိ​နေခဲ့​လေပြီ။ ခိုင်​ခံ့မှုကို အာမခံချက်​ မ​ပေးနိုင်​​သော ဝါးတံတား​ပေါ်တွင်​ ​လျှောက်​လှမ်း​နေရသကဲ့သို့ ခံစား​နေရသည့်​ ခံစားချက်​က ​မေ့ရင်​အစုံအား မွန်းကြပ်​မှုကို ​ပေးစွမ်း​နေ​လေသည်​။

နားစွင့်​ ကြားဟန်​ ရင်​ခုန်​သံWhere stories live. Discover now