48 2 0
                                    


အခန်းထဲသို့ အ​ပြေးတစ်​ပိုင်း ဝင်​​ရောက်​လာပြီး ​ဘေးဘီဝဲယာကို ကြည့်​​နေ​သော ​ဇေယျကို မြင်​​တော့ ​နွေဦး စပြန်​​လေသည်​။

"​ဟေ့....လုံးချင်းအင်​ယာ​လေး​ရေ...အ​မောတ​ကောပါပဲလားကွ။နေ့လည်​ ထမင်းစားချိန်​​လောက်​​တောင်​ ပြန်​​ရောက်​ဖို့ မ​သေချာဖူးဆို...အခု​​တော့...ဟင်း...ဟင်း..​​မရိုး​တော့ဘူး​နော်​ ​ကောင်​​လေး..."

"ဟာ...​အစ်​မကလည်း...​​နောက်​​နေပြန်​ပြီ။ ​ကေသီ့ကို ဖုန်းလှမ်းဆက်​တုန်းက ကျ​နော့်​ကို လာ​တွေ့တဲ့ ဧည့်​သည်​ရှိတယ်​ဆိုလို့ အလုပ်​ကို​တောင်​ ခန့်​ကိုတို့နဲ့ လွှဲထားခဲ့တာ။ ဒီ​ရောက်​လည်း ​ရောက်​​ရော ဧည့်​သည်​က ​စောင့်​​နေတာ ကြာပြီဆိုလို့ အားနာစရာကြီးမို့လို့ မြန်​မြန်​​ပြေးလာတာပါဗျာ..."

မ​ရွှေစင်​ထိုင်​ခဲ့​သော​နေရာနှင့်​ မျက်​နှာချင်းဆိုင်​တွင်​ ဝင်​ထိုင်​လိုက်​ရင်း ​ဇေယျ​ပြောလိုက်​သည်​။ထို့​နောက်​ ​ပြေးလာရသည့်​အတွက်​​ကြောင့်​ နဖူးပြင်​​ပေါ်တွင်​ တွဲလွဲခိုလာပြီဖြစ်​​သော ​ချွေးစက်​တို့အား လက်​တစ်​ဖက်​ကို အသုံးပြုရင်း ​ခြောက်​​သွေ့​စေလိုက်​သည်​။

"အစ်​မက ဘာ​ပြောမိလို့လဲကွယ်​။အဲ...အိုးမလုံတဲ့သူ​တွေက​တော့ မ​မေးတာ​တွေကိုလည်း ဇွတ်​​ဖြေ​နေပြန်​ပြီ​ပေါ့​နော...။"

မေ့ဘက်သို့ လှည့်ကာေ​​ထာက်ခံတယ်မို့လားဆိုသည့် အကြည့်​မျိုးနှင့် ကြည့်ပြီး​​နောက် ​ဇေယျအား ​ချွေးသုတ်​ရန်​ တစ်​ရှူးစတစ်​ချို့ကို ကမ်း​ပေးလိုက်​ရင်း ​နွေဦးထိုင်​ရာမှ ထလိုက်​သည်​။

"ကဲပါ...ကဲပါ...အဲဒီ မျက်​နှာကြီးကို စူပုတ်​မ​နေပါနဲ့​တော့....ကိုယ့်​အစ်​မက ခင်​လို့စတာပဲကို...​ဇေယျလည်း ​ရောက်​ပြီဆို​တော့  နှစ်​​ယောက်​သား စကား​ပြော​လိုက်​ကြဦး...လွတ်​လွတ်​လပ်​လပ်​​ပေါ့​နော...အစ်​မ အလုပ်​သွားလုပ်​လိုက်​ဦးမယ်​။"

ဇေယျ​သောက်​ရန်​ ​ရေတစ်​ဖန်​ခွက်​ကိုထည့်​​​နေရင်း ​နွေဦး စကား​ပြော​နေ​လေသည်​။ ​​ရေဖန်​ခွက်​ကို ​ဇေယျ​ရှေ့တွင်​ ချ​ပေးပြီး​နောက်​တွင်​ ​ရွှေစင်​​ဖျော်​​ပေးထား​သော ​ကော်​ဖီခွက်​ကိုယူကာ ​​နွေဦး အခန်းပြင်​သို့ ထွက်​သွား​တော့သည်​။ထို့​နောက်​ ​နောက်​ပြန်​ဆုတ်​လာရင်း အ​ပေါက်​ဝမှ ​ခေါင်းပြူကာ ဖြင့်​ ရုတ်​တရက်​ ​နွေဦးစကား​ပြောလာ​လေသည်​။မေ စကား​ပြောရန်​ပြင်​​နေသည့်​အချိန်​တွင်​ ​နွေဦး၏ ​ခေါင်းအား ဘွားခနဲ မြင်​လိုက်​ရသည်​မို့ ​မေ တစ်​ချက်​တုန်​သွားသည်​ကို ကြည့်​ကာ ​နွေဦး ရယ်​လိုက်​​လေသည်​။

နားစွင့်​ ကြားဟန်​ ရင်​ခုန်​သံWhere stories live. Discover now