68 1 0
                                    

မေတို့ မနက်​စာကို စားပြီးသည့်​​နောက်​ အလုပ်​လာ​ကြောင်း​လေး​တော့ အရိပ်​အ​ယောင်​ သွားပြလိုက်​ဦးမယ်​ ဆိုပြီး အာကာတို့ အဝတ်​အစားလဲ ကာ ထွက်​လာသည့်​ အချိန်​တွင်​ ​ဇေယျသည်​ ​မေ့လက်​ထဲသို့ စတစ်​​လေးတစ်​ခုအား ထည့်​​ပေးလာပါ၏။

"ဒီထဲမှာ သားငယ်​ရဲ့ ​မွေး​နေ့ကို ရိုက်​ထားတာ​လေး ပါတယ်​။ သားငယ်​မလာခင်​ ရင်းနှီး​အောင်​ ကြည့်​ထား​ပေါ့။ တစ်​​ယောက်​တည်း ​နေခဲ့ရမှာဆို​တော့ အပျင်းလည်း ​ပြေမှာပါ။ သားငယ်​က​တော့ ဆယ်​နာရီ​လောက်​မှပဲ​ရောက်​လိမ့်​မယ်​။ သူလည်း ငါတို့လို ​ကျောင်းအတက်​ ပြရဦးမှာဆို​တော့​လေ...ကဲ...ငါတို့သွားပြီ။ဪ....ဒါနဲ့ သားငယ်​​က ငါတို့အရင်​ ​စော​ရောက်​​နေရင်​ ရှိတဲ့မုန့်​သာ ​ကျွေးထားနှင့်​။ဂျီ​နေခဲ့ရင်​ ပြန်​လာမှ မုန့်​ဝယ်​ခဲ့မယ်​ ဆိုပြီးသာ ​ပြောထားလိုက်​ဟာ"

ဇေယျတို့ထွက်​သွား​တော့ Laptop တစ်​လုံးနှင့်​ ​မေ အိပ်​ရာ​ပေါ်တွင်​ ​နေရာယူလိုက်​သည်​။

IN THE VIDEO>>>>

"အားလုံးပဲ မင်္ဂလာပါခင်​ဗျ။ ကျ​နော်​က​တော့ ဒီ​နေ့အစီအစဉ်​ကို တင်​ဆက်​​ပေးမယ့်​ presenter ​ချော​ချော​လေး အာကာမင်းပါ ခင်​ဗျ..."

video စစချင်းမှာပင်​ အင်္ကျီအဖြူ​လေးနှင့်​ အာကာသည်​ သွားသုံးဆယ့်​နှစ်​​ချောင်းလုံးကို ​ပေါ်လွင်​​အောင်​ ရယ်​ပြရင်း နှုတ်​ဆက်​လာ​လေသည်​။

"ဒီ​နေ့ကျင်းပတဲ့ ပွဲ​လေးက​တော့ သားငယ်​​လေး လင်းသန့်​ညီညီရဲ့ သုံးနှစ်​ပြည့်​ ​မွေး​နေ့​လေးပဲ ဖြစ်​ပါတယ်​ခင်​ဗျ။ ကဲ ....သားငယ်​​လေးကို ပါပါး အာကာက လက်​​ဆောင်​ အကြီးကြီးလည်း ဝယ်​လာပါတယ်​လို့ သတင်း​ကောင်းပါးလိုက်​ပါတယ်​​နော်​။ ယ​နေ့တွင်​ ကျ​ရောက်​​သော သားငယ်​​လေး၏ ​မွေး​နေ့ရက်​မြတ်​မှစ၍ စိတ်​၏ ​ပျော်​ရွှင်​ခြင်း၊ ကိုယ်​၏ ကျန်းမာခြင်းနဲ့ ပြည့်​စုံပါ​စေကွာ။ ပြီး​တော့ အ​ရေးကြီးတဲ့ အချက်​က​တော့ သားငယ်​​လေးရဲ့ ပါပါး ရှာသမျှကို မျက်​​တောင်​တစ်​ချက်​မခတ်​ပဲ ကုန်​​အောင်​ သုံးနိုင်​ပါ​စေ ဗျား..."

နားစွင့်​ ကြားဟန်​ ရင်​ခုန်​သံWhere stories live. Discover now