57 3 0
                                    


"Young"​ဆောက်​လုပ်​​ရေး လုပ်​ငန်းစု ဟုအမည်​တပ်​ထား​သော အ​ဆောက်​အအုံအတွင်းသို့ ​မေ လှမ်းဝင်​လာခဲ့လိုက်​သည်​။ showroom ထဲတွင် ​သပ်​ရပ်​လှပစွာ ပုံစံငယ်​ချိုးထားသည့်​ တစ်​ထပ်​တိုက်​ပု​လေးများ၊ တိမ်​လွှာထိတိုင်​ တိုးဝင်​​ဖောက်​ထွက်​​နေသ​ယောင်​ မြင့်​မားလှသည့်​ အထပ်​မြင့်​တိုက်​ခန်းငယ်​များ၊ လုံးချင်းအိမ်​ရာဝင်းများ၏ မူပုံက​လေးများကို  ​မေ လှည့်​ပတ်​ကြည့်​ရှု​နေမိသည်​။     ​သေသပ်​လှသည့်​ ဒီဇိုင်းပုံစံများ​ပေမို့  ကြည့်​ရှုသူတို့၏ စိတ်​ဝယ်​တွင်​ ​ဆောက်​လုပ်​သူ အင်​ဂျင်​နီယာတို့အ​ပေါ် အလုံးစုံ စိတ်​ချယုံကြည်​နိုင်​မည်​မှာ မလွဲပင်​...

မေ လှည့်​ပတ်​ကြည့်​ရှု​နေစဉ်​တွင်​ အ​ရောင်းဝန်​ထမ်း မိန်းက​လေးတစ်​​ယောက်​သည်​ ​မေ့ ​ဘေးနားသို့ လာရပ်​ကာ ​မေးမြန်း​လေ​တော့သည်​။

"အစ်​မက တိုက်​ခန်း​တွေကို ကြည့်​ချင်​လို့လား မသိဘူးရှင့်​...ဒါက ကျွန်​မတို့ လုပ်​ငန်းစုရဲ့ ဒီနှစ်​မှာ ပြီးစီး​တော့မှာ ဖြစ်​တဲ့ အထပ်အမြင့် ​​အ​ဆောက်​အအုံ ဒီဇိုင်း​တွေပါ အစ်​မ ...​ရေ၊မီး အဆင်​သင့်​ တပ်​ဆင်​ပြီးဖြစ်​တဲ့ တိုက်​ခန်း​တွေပါ ...လတ်​တ​လော လူကြိုက်​များ​နေတဲ့ အခန်းပုံစံ​တွေပါ အစ်​မ....

မီး​ဘေးအန္တရာယ်​နဲ့ ပက်​သတ်​လို့လည်း အထပ်​တိုင်းမှာ အပူရှိန်​ကို မှတ်​သား​ပေးထားတဲ့ sensor ​တွေကို တပ်​ဆင်​​ပေးထားပါတယ်​။ သတ်​မှတ်​ထားတဲ့ အပူချိန်​ကို ​ကျော်​လွန်​ပြီး sensor ​တွေက detect လုပ်​မိရင်​ အလိုအ​လျောက်​ ​ရေဖြန်းပြီး အပူရှိန်​ကို ​လျော့နည်း​​စေမယ့် ​တစ်​နည်းအားဖြင့်​ မီးငြိမ်းသတ်​တဲ့ စနစ်​လည်း ပါပါတယ်​ရှင့်​။ ပြီး​တော့ အ​ရေး​ပေါ်ထွက်​​ပေါက်​​တွေကိုလည်း ​သေချာထည့်​သွင်းပြီး ​ဆောက်​လုပ်​​ပေးထားပါတယ်​... "

အထပ်​မြင့်​တိုက်​ခန်းငယ်​အား စိတ်​ဝင်​တစား ကြည့်​ရှု​နေ​သော ​မေ့အား ဝန်​ထမ်းမ​လေးသည်​ မငြီးမငြူနဲ့ ရှင်းပြ​ပေး​နေ​လေသည်​။

နားစွင့်​ ကြားဟန်​ ရင်​ခုန်​သံWhere stories live. Discover now