EP - 1

506 39 3
                                    

အသစ်စက်စက်ပိုက်ဆံတစ်ရွက်ကို
အသေးငယ်ဆုံးပိုက်တစ်ချောင်းအဖြစ်သို့
သေသပ်စွာခေါက်လိပ်လိုက်သည်။
စားပွဲပေါ်မှာcardဖြင့်
အချိုးကျကျခွဲထားသည့်
ကိုကင်းမှုန့်ပေါ်ပိုက်ဆံလိပ်တင်ကာ
တစ်ဝကြီးရှုချလိုက်ပြီးသည့်နောက်
အရာအားလုံးဟာအမှောင်အတိသို့
ရောက်ရှိသွားတော့သည်။

ဘေးပတ်ဝန်းကျင်မှာသူမှလွဲ၍
လူတစ်ယောက်တောင်မရှိဘူး။
လေပြင်းပြင်းတွေတိုက်ခက်နေပြီး
နေရောင်လုံးဝမရှိသောအခြားကမ္ဘာမြေသို့
ရောက်ရှိလေပြီ။

မနှစ်မြို့ဖွယ်တွေပြည့်နှက်နေပေမယ့်
သူဒီကိုရောက်လာတာဟာ
ရှောင်လွှဲလို့မရသည့် အကြောင်းပြချက်
တချို့ကြောင့်သာဖြစ်သည်။ အရင်က
ခါးခါးသီးသီးဖြစ်သည့်ထိုနေရာကိုပင်
သူ့အားရစ်မူးစွဲလမ်းသွားမိစေသည့်
ကျိန်စာရှိသည်။ ထိုကျိန်စာကိုသိသိရက်နဲ့
တိုးဝှေ့ရင်းဘယ်လောက်ဆိုးရွားတဲ့
အခြေအနေတွေရောက်ကုန်လဲသူမသိတော့ပါ။

"အို အဖနတ်ဆိုးများရဲ့သခင်
စောင့်နေတာကြာလှပါပြီ
ကျွန်တော့်ရဲ့ အင်အားတွေသက်တမ်းတွေကို
သင်စားသုံးပါ ကျွန်တော့်ရဲ့အချစ်
သည်းအူလေးနှင့် ခဏတော့တွေ့ခွင့်ပေးပါ"

လေပြင်းတွေဟာမုန်တိုင်းသဖွယ်
တိုက်ခက်နေသည့်ကြားမှ ထွက်ပေါ်လာသော
အရိပ်မဲတစ်ခုဟာ သူ့စီသို့တည့်တည့်မက်မက်
လျှောက်၍လာနေသည်။ ပတ်ဝန်းကျင်ဟာ
မှောင်မဲနေပေမယ့် ထိုအရာကိုကောင်းစွာ
မြင်နေရသည်။

"မင်းတောင်းနေတာ ငါပိုင်တဲ့ကျိန်စာ
အစထဲကငါပြောခဲ့တယ် နောင်တမရကြေး
ဒီလမ်းဟာသေချာပေါက်မင်းကို
နောက်ဆုံးကျရင်ဒုက္ခပေးလိမ့်မယ်ဆိုတာ
အခုနောင်တရှိသလား"

ထိုအရာ၏အသံဟာ ဆိုးရွားစွာဟိန်းထွက်လျက်
အနားပတ်ဝန်းကျင်မှလေတိုးသံများကပင်
သူ့နားထဲသို့တိုးမဝင်နိုင်တော့ချေ။

"မရှိပါဘူး ကျတော်ချစ်တဲ့သူနဲ့တော့
ခဏလောက်တွေ့ ပါရစေ"

ဦးခေါင်းထက်တွင်ကြီးမားသော
ဂျိုစွယ်နှစ်ခုဟာ ထီးမားစွာနေရာယူလျက်
ဝတ်ရုံတော်ဖြင့်တစ်ကိုယ်လုံးကိုပတ်ထားကာ
ညာဘက်လက်မှာတော့မြွေခေါင်းပုံဖြင့်
တုတ်ကောက်ကိုကိုင်ထားသည်။
ထိုအရာစီမှာဘာတွေများမက်မောစရာတွေ
ရှိနေလို့လဲ.........။

Glamorize StuffWhere stories live. Discover now