နှလုံးသားဖြင့် ခံစားကြည့်ခြင်း
(47 မှ 60 )
ထိုစာစုများအပေါ်အခြေခံ၍▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪
*ဂျီမင် ကိုယ်တို့ လမ်းခွဲကြရအောင် *
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Introအဖြူရောင်အခန်းလေး၏ ကုတင်ညာဘက်အခြမ်းတွင် computer တစ်လုံးနှင့်
အလုပ်ရှုပ်နေသော စိမ်းပြာရောင်ဆံပင်နှင့် လူသားအားမျက်စိဖုံးလုနီးပါးရှိတဲ့ ရွှေအိုရောင်ဆံပင်နဲ့
ကောင်ငယ်လေးဟာ အသက်မပါသလို
ထိုလူကြီးကို ငေးကြည့်နေတယ်' အကိုယွန် အလုပ်တွေကို အပြီးသတ်လို့
မရနိုင်သေးဘူးလား 'အဖြေပြန်မရတဲ့ ထိုမေးခွန်းကို မေးမိနေတာ
ဘယ်နှကြိမ်မြောက်မှန်းမသိတော့'အကို ယွန်
မနက်ဖြန်ဟာ ဘာနေ့လဲ ဆိုတာ သိလား '" ကိုယ် အရမ်း စိတ်တွေရှုပ်နေရတယ်ဂျီမင်
မနက်မှ ဆွေးနွေးကြတာပေါ့  "ကျနော့်ဘက်ကို တစ်ချက်မှ လှည့်မကြည့်ရင်းဖြေသည်
ဒီလူကြီးဟာ ကျနော့်အပေါ်ကို အေးတိ အေးစက်နိုင်လွန်းတယ်
တစ်ခါတစ်လေ မေးခွန်းတွေပြန်မေးမိတယ်
ချစ်ခဲ့ရဲ့လားဆိုပြီး
ကျနော့်ရဲ့ဖြစ်တည်မှုက သူ့အတွက် ကပ်ပါးကောင်လိုမျိုးလား
ဝန်ထုပ်ဝန်ပိုးဖြစ်စေမိသလား လို့ လေစားပွဲပေါ်တင်ထားတဲ့ နာရီကို ကြည့်မိပြန်တော့ ၁၂နာရီ ထိုးလု နီးနီး
အရင် နှစ်တွေက မင်ယွန်းဂီကို
အချိန်တစ်ခုထိ ကျနော် မျှော်လင့်နေဆဲဒီနေ့လည်း နံရံဘက်ကို မျက်နှာမူကာ
ပျော်ရွှင်စရာ မကောင်းတဲ့ အိမ်မက်တွေဆီ
အလည်သွားရပေဦးမည် .................L O V E
ကျနော်က အမြဲတမ်း ခံစားချက်တွေကို
ကောင်းကောင်းထုတ်ဖော်မပြတတ်တဲ့
မင်ယွန်းဂီပါထိုအေးစက်စက်နိုင်မှုတွေကြောင့်ဘဲ
ကျနော့်ရဲ့ ချစ်ရသော ပတ်ဂျီမင် ဆိုတဲ့
အကောင်ငယ်ကိုတောင် ဆုံးရှုံးခဲ့ရပြီ