-3-

4.9K 493 34
                                    


နှလုံးသားဖြင့် ခံစားကြည့်ခြင်း
(47 မှ 60 )
ထိုစာစုများအပေါ်အခြေခံ၍

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ချစ်ခြင်းမေတ္တာ ၏ ဒဏ်ခတ်ခြင်း
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ခပ်လွယ်လွယ်နဲ့ပေါ့ပေါ့တန်တန်သာမာန်စကားစုလေးလို့ တွေး ထင်နေတယ် မဟုတ်လား

တစ်ချိန်က
ကျနော် ကိုယ်တိုင်လည်း တွေးခဲ့ဖူးတယ်

ဒီအပိုင်းအဆုံးမှာ
ချစ်ခြင်းမေတ္တာ ၏ ဒဏ်ခတ်ခြင်း က ဆိုးဝါးကြောင်း
သင့်ကို လက်တွေ့ ပြ ပါလိမ့်မယ်

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

I Miss U So Much

ဒီနေ့လည်း လမ်းမှားဝင်ပြန်ပြီ
အကောင်ငယ်လေးကို မလွမ်းဘူးလိုပြောရင်
လိမ်ရာ ကျ လွန်းပြီ မဟုတ်လား

သတိရတယ်
သေလောက်အောင် လွမ်းတယ်
အမြဲတမ်းကပ်တွယ်နေရင်း ကျနော် ရင်ခွင်ထဲ
ဝင်နေတတ်တဲ့ ကောင်ဆိုးလေးကို

သူ ရော.......... ?

..................................................................

Fox _ X ရဲ့ အစည်းအဝေးခန်း

'ဒါ ကုမ္ပဏီ ရဲ့ အားထားရဆုံးသော ဒု မန်နေဂျာ မင်ယွန်းဂီ တဲ့လေ
ယွန်းဂီ ဒါက ငါတို့ ကုမ္ပဏီ ကို
ကမ်းလှမ်းလာတဲ့ model ပတ်ဂျီမင် '

"တွေ့ရတာ ဝမ်းသာပါတယ်
ဒု မန်နေဂျာ မင် ယွန်း ဂီ
ကုမ္ပဏီ လုပ်ငန်းပါ ရွှေ့ပြောင်းလာတာဘဲ "


သူ့ရဲ့နှုတ်ဆက်စကားနောက်ဖက်က မေးခွန်းတွဲလေးကို မဖြေမိ
ဖြေဖို့ အတွက်လည်း မစဉ်းစားမိ

တကယ်လည်း ဟုတ်ပါပေတယ်
ကျနော့်အရင် ကုမ္ပဏီ ရဲ့ မန်နေဂျင်းရာထူးကို စွန့်လွှတ်ကာ
ယခု ဂျောင်ဟိုဆော့ အဖေ ပိုင်တဲ့ Fox _x မှာ
ဒုမန်နေဂျာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတယ်လေ

သူ ကမ်းပေးနေတဲ့ လက်တစ်စုံကို
နွေးထွေးစွာ ဘဲ တုန့်ပြန်ရင်း
ဘာစကားမှ မဆို နိုင်သည်မို့
အတတ်နိုင်ဆုံးသာ ပြုံးပြ မိလိုက်သည်

YoonMin [ Short Stories _1 ] ➹Where stories live. Discover now