My Charming Fox (kumiho)-4

2.4K 323 44
                                    

🐺🐺🐺

"အိမ်မက်တွေကို တကယ် ဖြစ်စေချင်တယ်

လက်တွေ့မှာ ဖြစ်ပျက်နေရတာတွေကိုတော့
အိမ်မက်ဖြစ်စေချင်တယ် "

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

Kiss The ROD

ဧည့်ခန်းထဲမှာ အကျအနထိုင်ရင်းပုံဆွဲနေတဲ့ ကောင်လေးတစ်ယောက်

ယွန်းဂီ ထိုကောင်လေးနားမှာ ရစ်သီရစ်သီလုပ်နေတာ
တစ်နာရီ ပင် မ က တော့

ထိုကောင်လေးကတော့ တစ်ချက်လေးတောင် လှည့်မကြည့်

ဘာတွေ ဘယ်လို ဆွဲနေလည်းတော့မသိ
ဆရာကြီးအိုက်တင်လည်း ဖမ်းထားသေး

မျက်နှာမှာ ဆေးရောင်စုံတစ်ချို့ပေနေတဲ့ သူ့ပုံရိပ်က
ကျနော့်အတွက်ကတော့ အလှပဆုံးသော
ပန်းချီကားလေးဘဲ

"ဂျီမင် ကိုယ်...."

ကျနော်ကို စကားဆုံးအောင်တောင် ပေးမပြောဘဲ သူ့ဘေးက လွတ်နေတဲ့ ခုံမှာ အတင်းဆွဲထိုင် ခိုင်း စေတယ်

"ယွန်းဂီ
ဘာရောင်ကို အကြိုက်ဆုံးလဲ "

"ဂျီမင် "

"ကျနော်မေးတာ အရောင် "

"ကိုယ်ပြောတာလည်း အရောင်ဘဲ
ဂျီမင်ကြိုက်တဲ့အရောင် "

မျက်နှာပေါ်ကို ကျရောက်လာတဲ့ စုတ်တံ အသေးလေးရဲ့ ဆွဲချက်တွေ
ရှေ့ကပေါက်စက ပြုံးစိစိလုပ်နေရင်း
မှန်လေးကို ကျနော့်ဘက် ထောင်ပြကာ

"ကြောင်ယွန်းဂီ ကြီး
ဟီး ....ဟီး... "

မှန်ထဲမှာ မြင်နေရတာက
ပါးပေါ်မှာ အဝါရောင် အစင်းကြောင်းလေးတွေ
ရှေ့က ပေါက်စ ရီနေတာကြောင့် ကိုယ်ပါ ရောယောင်ပြီး ပြုံးရီလိုက်သေးတယ်

ရီတာ ဝသွားတော့မှ

"ယွန်းဂီ
ဘာပြောမလို့လဲ ပြောလေ "

" အင်း.....
ဒီအပါတ် ကိုယ်တို့နှစ်ယောက်
ပင်လယ်ဘက်ကို ခရီးတစ်ခုလောက်
ထွက်မလားလို့ လေ
အဆင်မပြေလည်း ထားလိုက်ပါ
စိတ်ထဲ......."

YoonMin [ Short Stories _1 ] ➹Where stories live. Discover now