အတ္တဆန်သော ချစ်ခြင်းမှ သည် - 2
S E L F I S H L O V E
* MAKE IT RIGHT *
အချစ်စစ်ဆိုသော စကားစုမှာ အတ္တဟူသော နာမ်ကို သိသိသာသာ ထပ်ပေါင်းကြည့်
အတ္တဆန်သောချစ်ခြင်း နဲ့ အတ္တ၏စေခိုင်းမှု
ထိုခေါင်းစဉ်နှစ်ခု၏အဓိပ္ပါယ်ကို အချိန်တိုအတွင်း
ကွဲပြားစွာ သဘောပေါက်မှ ဖြစ်မည်မလိုအပ်တဲ့ အရာတွေ
ကိုယ့်ဘဝထဲရောက်မလာဖို့ရယ်
လိုအပ်တဲ့အရာတွေနဲ့ သက်ဆုံးတိုင်ရှိနေစေချင်တာရယ်
ငြင်းပယ်မှုပေါင်း ထောင်သောင်းများစွာနဲ့
ရွေးချယ်မှုအနည်းငယ်ကိုသာ တင်းတင်းကြပ်ကြပ် ဖန်တီးလုပ်ယူခဲ့တယ်ဆုံးဖြတ်ချက်တွေနဲ့ ငြင်းပယ်မှုတွေဟာလည်း
တစ်ချိန်က သိပ်ကို နာကျင်ခံစားခဲ့ရပါတယ်◾◾◾◾◾◾
July;6
ညဥ့်နက်နေသော်လည်း အိပ်မပျော်နိုင်သေးဘဲ
တစ်စုံတစ်ယောက်ကို စောင့်မျှော်နေမိတယ်ပျော်ရွှင်ခြင်းမည်သော ခေါင်းစဉ်အောက်က
အလှဆုံးပြုံးရီနေတတ်တဲ့ ကောင်ငယ်လေးရဲ့ ဓာတ်ပုံကို အချိန်တွေ အကြာကြီးကြည့်နေမိတယ်လူပေါင်းများစွာထဲက ဘာလို့ သူ့ကို ရွေးချယ်ခဲ့မိတာ ပါလိမိ့
အဖြေက ရှင်းပါတယ်
သူက သေလောက်အောင် ချစ်ဖို့ကောင်းနေလို့လေဒီနှစ်ရဲ့ ဒီဇင်ဘာလ မှာ သိပ်ချစ်ရတဲ့ လူသားတစ်ဦးနဲ့ နေ့ရက်တွေကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တယ်
နှင်းတွေဖွေးစွတ်နေတဲ့ လမ်းမထက်မှာ
ဘယ်သူ့ကိုမှ $ ဂရုစိုက်မနေဘဲ
ချစ်ရသူလေးရဲ့ လက်ကို တင်းတင်းချိတ်ကာ လျှောက်လှမ်းပစ်မယ်မတောက်တခေါက်တတ်ဖူးပညာနဲ့ Americano ပူပူလေးတစ်ခွက်ကို သူ့အတွက် ကိုယ်တိုင်ဖျော်ပေးချင်တယ်
တစ်ယောက်သောသူရဲ့ လက်ကို ဆွဲပြီး christmas သစ်ပင်ကြီးအောက်ကနေ
ဒါဟာ ကျနော့်ရဲ့ တန်ဖိုးအထားရဆုံးသော လူသားပါလို့
ကြွေးကြော်ပစ်မယ်