Little Prince 🦊🦊 - 2

1.8K 225 4
                                    

Do You Know
WHO I AM!

အိမ်မက်တစ်ချို့ကို စိတ်ပျက်စွာ ရူးသွပ်နေခြင်းက
မိုက်မဲတယ်

ထိုကောင်လေးကို လွမ်းဆွတ်နေရခြင်းက
အသက်မရှင်ချင်လောက်အောင်ဘဲ

ဒီကောင်အရူးပါကွာလို့
ခင်ဗျားတို့ လွတ်လပ်စွာ တွေးနိုင်တယ်


June လ ရဲ့ ပထမဦးဆုံး မိတ်ဆက် စာ

ဘာမဟုတ်တဲ့ အိမ်မက်ကို လွမ်းနေတာ
ထူးထူးဆန်းဆန်းမဟုတ်ခဲ့ပြန်ဘူး

လက်တွေ့နဲ့ ဆင်တူလောက်အောင် အိမ်မက်တွေထဲ
ပုံစံအမျိုးမျိုးနဲ့  အလည်လာတဲ့သူ
မင်းက ဘယ်သူလဲ?

မတွေ့ဖြစ်တော့တဲ့ လအတောအတွင်း
မလိမ်ညာတမ်းပြောရရင်
သူ့ကိုလွမ်းတယ်

မေ့ထားပစ်ဖို့ တွေးနေပေမယ့် နှလုံးသားက လက်မခံပြန်ဘူး
ကိုယ်ဒီလောက်ကတော့ မလွန်ဘူး လေ
ဟုတ်တယ်မဟုတ်လား

June လ ရဲ့ ပထမဆုံးနေ့

အင်း ထူးထူးဆန်းဆန်းဘဲ
အဲ့နေ့က မိုးတွေရွာနေတာ

မိုးရေထဲမှာ ထီးမပါဘဲ
လမ်းလျှောက်ရတဲ့ ခံစားချက်က

အိမ်မက်ထဲမှာ လမ်းပျောက်နေတဲ့ ကိုယ့်ကို
လှည့်စားသွားတဲ့ မင်းလို ဘဲ

မိုးမိ ရင် ဖျားရမယ်လို့ ဘယ်သူ သတ်မှတ်ထားလဲ မသိဘူး
တစ်ခုခုဆို ကိုယ့်ကို ကို ဘဲ အပြစ်တင်လိုက်မယ်

အံဆွဲထဲက သောက်နေကျ ဆေးတစ်လုံးကို
သောက်ချပြီး
အချိန်တစ်ခုအထိ ဘေးက စားပွဲခုံပေါ်ကို ခေါင်းမှောက်ချထားရင်းနေမိတယ်

မင်းကို တစ်နေကုန်လွမ်းနေရတာ
ပင်ပန်းလွန်းလှနေပြီလေ

ထုံးစံတိုင်း ရောက်နေကျ သန်းခေါင်ယံရဲ့
လှပတဲ့အိမ်မက်တွေဖြစ်တည်ရာ

ရူးမိုက်စွာ ပြေးဝင်သွားရင်း ...............

မနီးမဝေးက ပျံလွင့်လာတဲ့ ရီသံချိုချိုလေးကြောင့်
ခေါင်းထောင်ကြည့်မိတယ်

YoonMin [ Short Stories _1 ] ➹Where stories live. Discover now