END OF LIFE
မင်းမရှိတဲ့နေရာမှာနေသားမကျပေမယ့်
မင်းကိုလွမ်းတဲ့စိတ်တွေနဲ့ပဲအသက်ဆက်နေတယ်တစ်ခါတစ်လေပြိုလဲကျချင်နေသော်လည်း
မင်းကိုချစ်တဲ့စိတ်နဲ့အားတင်းရင်းပြုံးနေဆဲမင်းဒီအပြုံးလေးတွေကို သိပ်ချစ်တယ် မဟုတ်လား.......
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ဆွေးမြေ့ဖွယ်ကောင်းလွန်းတဲ့ ပြတင်းပေါက်က မိုးစက်မိုးပေါက်လေး တွေ ကျဆင်းနေတဲ့ မြင်ကွင်းကို ပေါက်စဟာ
ကုတင်ပေါ်မှာ ထိုင်ကာငေးကြည့်နေလေတယ်ခရီးတိုလေးကနေ ပြန်လာပြီးနောက်ပိုင်း ပေါက်စဟာ ပြောင်းလဲသွားသလိုပင်
အမြဲတမ်း မမှတ်ယူထားနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ချို့ကြောင့်
သူ့ပုံရိပ်လေးတွေသာ အပြည့်ရှိတဲ့ mini camera လေးနဲ့ အရင်သိမ်းဆည်းလိုက်တယ်"ဂျီမင်
မင်းဘာတွေ တွေးနေတာလဲ သိခွင့်ရမလား "ပေါက်စဟာ တစ်ချက်လေးလှည့်မကြည့်ပါဘဲ သက်ပြင်းရှည်တစ်ချက်ချကာ
"အင်း
ကျနော်မရှိတဲ့ ယွန်းဂီရဲ့ ဘဝကြီးကို တွေးကြည့်နေတာ "ပေါက်စရဲ့စကားဟာ အရင်လို နောက်ပြောင်ပြီး ပြောနေတာ မဟုတ်ကြောင်း သူ့မျက်ဝန်းဆီမှ လင်းလက်နေတဲ့ အရာတစ်ချို့က ထောက်ခံနေတယ်
"ယွန်းဂီ ~
ကျနော်မရှိတော့ရင်ရော
ယွန်းဂီ အရင်လို ပုံစံမျိုးပြန်ဖြစ်သွားမှာလား
ကျနော့်ကို ကတိပေးပါ အမြဲတမ်းပြုံးနေပေးပါ့မယ်လို့လေ"ထူးထူးဆန်းဆန်းစကားတွေပြောနေသော
ပေါက်စကြောင့်နည်းနည်းတော့ ဝေခွဲရခက်နေခဲ့တယ်" ကိုယ် ကတိပေးတယ်
မင်းသာ ကိုယ့်အနားရှိရင်ပေါ့ ""ယွန်းဂီမရှိတဲ့ ကျနော့်ဘဝကြီးကိုရော
တွေးကြည့်မိရဲ့လား "