🦊K U M I H O 🦊Daegu မြို့အစွန် ဘက်ကို စူးစမ်းရှာဖွေရန် တိုင်းရင်းဆေးဆရာကြီး ဖြစ်သည့်
Appa ဖြစ်သူနဲ့ လိုက်လာခဲ့တယ်ဆေးဆရာကြီးMin ရဲ့သား Yoongi ဆိုလို့ အထင်တော့မကြီးနဲ့နော်
ငါးပါးတင်မက ဘူး ဆယ့်ငါးပါးလောက် မှောက်မယ်တစ်နေ့ တစ်နေ့ အိပ်မယ် စားမယ်
တစ်ခါတစ်လေ ထူးထူးဆန်းဆန်းစာတွေရေးမယ်ဒါဘဲ
ဒါနဲ့တင် ဘဝကြီးက ပြီးပြည့်စုံနေပြီတိုင်းရင်းဆေးဆရာအမွေကို ဆက်ခံဖို့မပြောနဲ့
Appa နဲ့ အလုပ်တွေကို တောင် စိတ်မဝင်စားအကောင်းနဲ့ တောထဲကို လိုက်လာတယ်လို့မထင်နဲ့နော်
သားအဖ နှစ်ယောက်ထဲ နေရတာမို့ appa မရှိရင် စားဖို့သောက်ဖို့ မလွယ်ဘူးဗျAppa ကတော့ ဘာလုပ်နေလည်းမသိ
တစ်လမ်းလုံးအိပ်လာရတော့ ညောင်းလာတာမို့ ကားနဲ့ မနီးမဝေး တောစပ်လေးနားကို
လမ်းလျှောက်ရင်းကြည့်ရှု့နေမိသည်ရုတ်တရပ်နားထဲမှ ကြားလာတဲ့ တအီအီ အသံလေးကြောင့် ပတ်ဝန်းကျင်ကို အသေအချာကြည့်မိတော့
ကျောက်တုံးလေးတွေ ကြားထဲ က ထွက်နေတဲ့ နားရွက်သေးသေးလေးတစ်ခု
အမူအကျင့်အတိုင်း
မသိသလို လှည့်ထွက်မယ် ကြံသော်လည်း
ထပ်မံ၍ နာနာကျင်ကျင် ထွင်ပေါ်လာတဲ့ အသံစူးစူးလေးတစ်ခုကြောင့်
အနားကို ပို၍ ကပ်ကြည့်မိပြန်တယ်လိမ္မော်ရောင်အမွှေးတွေနဲ့ ပြည့်နေတဲ့ တောကောင်ပေါက်လေးတစ်ကောင်
တောကောင်တွေကို မြင်ဖူးနေကျ ဖြစ်တဲ့ ကျနော့်အတွက် က အထူးအဆန်း မဟုတ်ပေမယ့်
ထိုကောင်လေးအတွက်က ထူးဆန်းနေခြင်းပင်ပုံမှန်ဆိုရင် တောကောင်တွေ သဘာဝဟာ လူအကောင်လိုက်မပြောနဲ့ အသံကြားရင်တောင် အဝေးကို ထွက်ပြေးနေကျ မဟုတ်လား
သူ့ကို ကြည့်နေတော့ ကျောက်တုံးလေးတွေပေါ်ကနေ အသေအချာပြန်ကြည့်နေပြန်တယ်
ကျနော့်ရှေ့ကို ထိုအကောင်လေးက ပိုပိုတိုးလာသလိုပင်
အသေချာကြည့်မိတော့မှ သူ့ ဘယ်ဘက် ခြေထောက်တစ်ချောင်းလုံး က သွေးတွေနဲ့ စုတ်ပျက်နေပါရောလား