Little Prince 🦊🦊 -1

3.2K 261 14
                                    


At night sweet dream with
💜unknown 💜

ညဆိုတာ ပျော်ရွှင်တဲ့ အချိန် မဟုတ်ခဲ့ဘဲ
ဒါကိုတော့ ဦးစွာ ဆန့်ကျင်မယ်

Nightmare logic အရ မှောင်မိုက်နေတဲ့
ကားလမ်းဘေးက တောအုပ်ငယ်လေးထဲမှာ
ရောက်ရှိနေတဲ့ အိမ်မက် မက်သူ ကောင်လေးရယ်

နောက်ထပ်
မရေရာမသေချာတဲ့
ကောင်ငယ်လေးတစ်ယောက်ရယ်ပေါ့

မနှစ်မြို့ဖွယ်ကောင်းတဲ့ဒီနေရာကိုဘာလို့ရောက်နေရတာလဲ
ဘာလို့ ထိုကောင်လေးနဲ့အတူ ဖြစ်နေရတာလဲ

အရာအားလုံးက ပုံမှန်အတိုင်းသက်ဝင်လှုပ်ရှားနေတယ်

ပြဿနာရဲ့ မူလအရင်းအမြစ်ကို
သန်းခေါင်ယံလို့ သတ်မှတ်မယ်

ရှေ့မှာ တစ်ပြေးတည်းမြင်နေရတဲ့
မှောင်မိုက်လွန်းတဲ့ လမ်းမကြီး

ဘေးဘီကို ဝေ့ဝိုက်ကြည့်မိတော့
မြက်ခင်းစိမ်းတွေနဲ့ ကွင်းပြင်ကျယ်

တဖြည်းဖြည်းဝေးကွာသွားကတဲ့
ထိုကောင်လေးရဲ့ကျောပြင်ကိုကြည့်ရင်း ဝမ်းနည်းလာရတယ်
တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရသလို မျိုးခံစားချက်

ဘယ်သူမှန်းမသိရတဲ့ ကောင်ငယ်လေးရဲ့ပုံရိပ်တွေက
စိတ်သောကရောက်စေတယ်

ရင်းနှီးနေကျ မသိစိတ်က ကြီးမားလာတာကြောင့်
ထိုကောင်လေးလက်ကို ဖမ်းဆွဲထားမိပြန်တယ်

"ကောင်လေး..... မင်းဘယ်သွားမလို့လဲ "

သူ့နဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ အချိန်မှာ
သူ့မျက်နှာကို မမြင်ရခဲ့ဘူး
ဝေဝါးနေတယ်
အင်း...
အဝေးမှုန်တစ်ယောက်လိုမျိုးပေါ့

ထပ်ပြီး တားမိပြန်တယ်
ဒါဟာ ဒုတိယအကြိမ်မြောက်လည်းမဟုတ်တော့

မေးခွန်းတွေအပေါ်ဘယ်တော့မှ ဖြေလေ့မရှိတဲ့ ကောင်လေးရဲ့ပုံရိပ်တွေဟာ
ထုံးစံအတိုင်း
တဖြည်းဖြည်းနဲ့ပျောက်ကွယ်စပြုလာပြီ

ဝေဝါးလာတဲ့ မျက်ဝန်းအစုံရယ်
စူးခနဲ နာကျင်လာတဲ့ ဝဲဘက်ရင်အုံကို ဖိနှိပ်ထားမိတယ်

YoonMin [ Short Stories _1 ] ➹Where stories live. Discover now