My Charming Fox(kumiho) -2

2.6K 364 30
                                    


KUMIHO Story Beginning
..............................

ကျနော်တို့ကြားမှာ ရှိတဲ့ အမှတ်တရတွေက
အမြဲထူးဆန်းနေလိမ့်မယ်

တစ်ခါတစ်လေ ငိုခဲ့ရတဲ့အချိန်တွေကိုတွေးကြည့်ရင်း ရီမောနေတတ်တယ်

ပျော်ခဲ့ရတဲ့ အချိန်တွေကို စဉ်းစားမိရင်တော့
သေချာပေါက်မျက်ရည်ကျရမယ်

ဘဝကြီးဟာ အဆုံးသတ်လှပတဲ့ ပုံပြင်တစ်ပုဒ်မဟုတ်လို့ဘဲ


▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အခန်းထဲကုတင်ပေါ်က ကောင်လေး အိပ်ပျော်သွားသည်အထိ ကျနော့်အဖေ ဟာ ထိုဘေးနားမှာ စောင့်နေခဲ့သည်တဲ့လေ

ကျနော်ကတော့ အခန်းဝမှာ ဘဲ
ထူးဆန်းနေတဲ့ ကောင်လေးရယ်
ပုံမှန်မဟုတ်တဲ့ ကျနော့် အဖေ ရယ် ကို
တစ်စက္ကန့်လေးတောင် မလွတ်စေရဘဲ
စောင့်ကြည့်နေခဲ့တယ်

တစ်ခဏ ကြာတော့ ထိုကောင်လေးကို စောင်တွေ သေချာ ခြုံပေးခဲ့ပြီး appa ဟာ အခန်းအပြင်ဘက်ကို ထွက်လာခဲ့တယ်

တစ်ခုခုပြောမလို့ ပြင်လိုက်ပေမယ့် appa က

" ရှူး တိုးတိုး
ကလေးနိုးသွားမယ်
လာခဲ့  မင်းသိချင်တာတွေ ငါပြောပြမယ် "

စကားကိုအေးအေးဆေးဆေးပြောရင်း
အောက်ထပ်ကို ဆင်းသွားတဲ့ appa ကြောင့်
သိချင်စိတ်များစွာသော မေးခွန်းပေါင်းစုံနဲ့
လိုက်လာခဲ့ရတယ်

အောက်ထပ်ရှိ ဧည့်ခန်းထဲရောက်တော့ red wine တစ်ခွက်ကိုကမိးပေးရင်း
Appa က စကားဆိုလာတယ်

" yoongi မင်း သူ့ကို စတွေ့တဲ့နေ့က
သူ့မျက်လုံးတွေကို မင်း မမြင်နိုင်ခဲ့ဘူး
သူ့ရဲ့ နီရဲနေတဲ့ မျက်ဝန်းတစ်စုံကြောင့်
တစ်ချိန်ကျရင် လူသားအဖြစ် ပြောင်းလဲ နိုင်တဲ့ Kumiho တစ်ကောင်ဖြစ်လာနိုင်တယ်လို့ ငါတွေးထင်ခဲ့တယ်
ဒါတွေက တကယ်ဖြစ်လာခဲ့ပြီ "

"ဒါဆို appa က ကြိုသိရဲ့သားနဲ့
ဘာလို့မတားခဲ့တာလည်း "

YoonMin [ Short Stories _1 ] ➹Where stories live. Discover now