ချစ်ခြင်းမေတ္တာ၏ ဒဏ်ခတ်ခြင်းဒီအပိုင်းကိုတော့ မင်ယွန်းဂီဆိုတဲ့ နေရာကနေ
ခံစားကြည့်ကြမယ်.....................................................................
Note-1
ကိုယ်ဒီအခြေအနေကြီးကို
တကယ် မနှစ်သက်မိဘူးကိုင်စွဲမိပြန်တာက Gold Label
သူ့ရဲ့ ပြင်းရှရှ အရသာကို ချိုမြိန်တယ်လို့ဘဲ
သတ်မှတ်မယ်ဒါတွေကို အပြစ်ကင်းတဲ့ ကလေး
မင်းနားမလည်နိုင်သေးဘူးNote-2
အရင်လို ဂရုစိုက်မှုတွေ ပေးခွင့်မရှိတော့တာကြောင့်
နေကောင်းအောင် ဂရုစိုက်နေပါအရင်လို ကိုယ့်အနားမှာ မရှိတော့တာမို့
ခပ်ဆိုးဆိုး အကျင့်တွေကို ဖျောက်ပါအရင်လို ဆုံတွေ့ခွင့် ရချင်မှ ရတော့မှာမို့
အမြဲတမ်း ပြုံးရီနေပေးပါဒါတွေကို ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်
အပေါ် ကျွန်တော် မှာတမ်းချွေချင်တာပေါ့Note-3
ဟက်........
ကျနော် ရူးနေပြီဗျာမချစ်ခဲ့ပါဘူး ဆိုတဲ့ နှုတ်က ခပ်လွယ်လွယ်
ထွက်လာတတ်တဲ့စကားလုံးတစ်ချို့ နဲ့
ကျနော် နှလုံးသားကို အကျဉ်းကျစေခဲ့ပြီNote-4
သတိရတယ်
သေလောက်အောင် လွမ်းတယ်
အမြဲတမ်းကပ်တွယ်နေရင်း ကျနော် ရင်ခွင်ထဲ
ဝင်နေတတ်တဲ့ ကောင်ဆိုးလေးကိုသူ ရော.......... ?
Note-5
အရင်လို ကျနော် မရှိရင် မဖြစ်ဘူးဆိုတဲ့
ကောင်ငယ်လေးဟာ
အခုဆို suit အပြည့်နဲ့ ရင့်ကျက်နေပြီကျနော်ကရော.....
အခုချိန်ထိ သူ ပြောတဲ့
ဘယ်တော့မှ မချွတ်ရဘူးနော် ဆိုတဲ့
ငွေမှင်ရောင် လက်စွပ်လေးကို ဝတ်ထားတုန်းဘဲNote-6
မင်း ကိုယ့်ဆီကို ပြန်လာမှာ မဟုတ်လား
လုံလောက်တဲ့ ဂရုစိုက်မှုတွေ မပေးနိုင်တဲ့
ကိုယ့်ကို လျစ်လျူရှု့ တဲ့နည်းလမ်းနဲ့
အပြစ်ပေးနေတာမဟုတ်လား ဟင်...